ကျေးလက်နေပြည်သူများအတွက် မှိုစိုက်ပျိုးနည်းသင်တန်းဖွင့်လှစ်

ပင်းတယ  ၂၁    ဖေဖော်ဝါရီ    


ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု မှို စိုက်ပျိုး နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်၊ တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်လွင်မိုးက သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်ကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်စောယုနွယ်က မှိုစိုက်ပျိုးနည်းသင်တန်းများဖွင့်လှစ်သင်ကြားပေးမှု အခြေအနေများကို အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါသင်တန်းတွင် ကျေးရွာနေပြည်သူများမှ မှိုစိုက်ပျိုးနည်းကို စိတ်ဝင်စားသည့် သင်တန်းသားသင်တန်းသူ ၂၀ ဦးတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်စောယုနွယ်နှင့် နည်းပြဆရာနှစ်ဦးတို့က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများရှိ မှိုအမျိုးအစား ၁၁ မျိုးအကြောင်း သိကောင်းစရာများကိုလည်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)