ကျေးလက်နေပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်း ဆေးကုသ

ပေါက်ခေါင်း   ၃၁    မေ     

 

ကျေးလက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက်  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၆) တပ်မတော်ဆေးရုံ ကုတင်(၁၀ဝ) နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယမန်နေ့က  ပေါက်ခေါင်းမြို့နယ် ပေါင်းစပါးကျေးရွာအုပ်စုသို့  အခမဲ့ကွင်းဆင်းဆေးကုသခဲ့ကြောင်း သိရသည်။

 

ဒေသခံကျေးလက်ပြည်သူ ဦးရေ ၁၄၀ ခန့်ကို အရိုးအကြောရောဂါ၊သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပက်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့သည်။ ထို့အပြင် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများအား တပ်မတော်ဆေးရုံ ကုတင်(၁၀ဝ) သို့ တက်ရောက်ကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)