ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းကုသပေး

ညောင်ဦး   ၈  အောက်တိုဘာ 

 

တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းကုသပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် ရှင်မိန်ကျေးရွာတွင် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးရာတွင် ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါ်ကြူကြူဝင်းက တက်ရောက်လာသည့် ကျေးလက်နေပြည်သူ ၇၀ ဦးအား သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုပေးမှု အခြေအနေများ၊ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ လေးဘက်နာ စသည့် အဆစ်အမြစ် နာကျင်ကိုက်ခဲ ဝေဒနာများအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မှီဝဲစားသုံးရမည့် အစားအစာ အာဟာရများ အကြောင်းကို ကဏ္ဍအလိုက် အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့နောက် ဆေးရုံအုပ်ကြီး ဒေါ်ကြူကြူဝင်းနှင့် ဝန်ထမ်းများက ညောင်ဦးမြို့နယ် ရှင်မိန်ကျေးရွာရှိ ကျန်းမာရေး ချို့တဲ့နေသည့် နာမကျန်းလူနာ ၅၅ ဦးအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ အခမဲ့ ဆေးကုသခြင်းကို ကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)