ကျေးလက်ဒေသရေရှားပါးကျေးရွာများကို သောက်သုံးရေဖူလုံစွာ ရရှိရေးဆောင်ရွက်

ဆောင်းပါး - မင်းခန့်စိုး

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲ မှုကြောင့် မိုးရေချိန်နည်းလာခြင်း၊ မိုးရွာ သွန်းမှုနည်းလာခြင်း၊ ရေတွင်းရေကန် များခန်းခြောက်ခြင်း၊     စိမ့်စမ်းများ ရေထွက်နည်းလာခြင်း စသည့်ပြဿနာ များနှင့်   ကြုံတွေ့ခဲ့ရပြီး  နွေရာသီတွင်        ကျေးရွာအချို့၌    သောက်သုံးရေ    ရှားပါးပြတ်လပ်မှု ဖြစ်ခဲ့ရသည်။ 

ရေရှားပါးပြတ်လပ်မှုကို ဖြည့်ဆည်း ပေးနိုင်ရန် ကျေးလက်ဒေသ   ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေတို ရေရှည်စီမံချက်များ       ချမှတ်ကာ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ၂၀၁၂-၂၀၁၃    ဘဏ္ဍာနှစ်မှစတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ  လုပ်ငန်း ပေါင်း ၃၅၈၅ဝ ကို  ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်  ရန်ပုံငွေ များဖြင့်      အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၃၀၈၃ ရွာတွင် ကျေးလက်ရေရရှိရေး  လုပ်ငန်း ပေါင်း ၃၁၄၃ ခုကို  အကောင်အထည်  ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ 

ထိုသို့     ကျေးလက်ရေရရှိရေး ဆောင်ရွက်ရာတွင်    ရှမ်းပြည်နယ် (တောင်ပိုင်း)  ကျေးလက်ဒေသ   ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန      ကလည်း တောင်ကြီးခရိုင်အတွင်း  မြို့နယ်များ တွင် ရေရှားပါးပြတ်လပ်မှုကို ဖြည့်ဆည်း ပေးနိုင်ရန်  ၂၀၂၀ -၂၀၂၁  ဘဏ္ဍာနှစ် အတွင်း   ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ များဖြင့် နွေရာသီရေရှားပါးကျေးရွာများ ဖြစ်သည့် ပင်လောင်းမြို့နယ်ရှိ ဝါးလီ ကျေးရွာအပါအဝင် ကျေးရွာ  ၁၀  ရွာ၊ ပင်းတယမြို့နယ်ရှိ ကျေးရွာ လေးရွာနှင့်  ကလောမြို့နယ်ရှိ    ကျေးရွာ  သုံးရွာ တို့တွင်     ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်မှာ အောင်မြင် မှု မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ 

ပင်လောင်းမြို့နယ်၌ ရေရရှိရေး
လုပ်ငန်းများ ဆောင်ရွက်မှု

နွေရာသီ    ရေရှားပါးကျေးရွာများ ဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်  တောင်ထီဗွာ ကျေးရွာအုပ်စု ကျေးရွာ ကိုးရွာနှင့် ဘန့်ဘာ ကျေးရွာအုပ်စု ကျေးရွာတစ်ရွာ စုစုပေါင်း  ကျေးရွာ ၁၀ ရွာတွင် အိမ်ခြေ ၈၇၉ အိမ်၊ လူဦးရေ ၄၅၀၀ တို့ နေထိုင်ကြသည်။ 

ယခင်က         ပင်လောင်းမြို့နယ် တောင်ထီဗွာ    ကျေးရွာအုပ်စုအတွင်းရှိ နန်းပန်း ညောင်ပင်ကျေးရွာ၊  နန်းပန်းလုံး ပျဉ်ကျေးရွာ၊  နန်းပန်းတောင်ကျေးရွာနှင့် နန်းပန်းမြောက်ကျေးရွာ လေးရွာတို့သည် အနိမ့်ပိုင်းရှိ    နန်းပန်းရေထွက်မှရေကို အမြင့်တင် ရေပေးရေးစနစ်ဖြင့်  စုပေါင်း ဆောင်ရွက်ခဲ့ကြသော်လည်း  အောင်မြင်မှု  မရှိခဲ့သည့်အတွက်  မိုးရာသီကာလတွင် ကိုယ်ပိုင်မိုးရေလှောင်ကန်များဖြင့် သုံးစွဲ ခဲ့ရပြီး နွေရာသီကာလတွင်  ရေလုံလောက် မှု မရှိသောကြောင့် တစ်မိုင်ခွဲခန့်ဝေးသော နန်းပန်းရေထွက်သို့    သွားရောက်ကာ  သယ်ယူသုံးစွဲခဲ့ကြရသည်။ 

တောင်ထီဗွာကျေးရွာအုပ်စု အတွင်းရှိ  ဝါးလီ၊   သိန်းတောင်ဒိန်၊   ဘုရားကုန်း၊ ဆောင်းထံတောင်၊    ဆောင်းထံမြောက် ကျေးရွာ  ငါးရွာတို့သည်လည်း    အနီး ဝန်းကျင်တွင် ရေထွက်ပင်ရင်း မရှိသော ကြောင့် ကိုယ်ပိုင်မိုးရေလှောင်ကန်ငယ် များဖြင့်     ရေသိုလှောင်သုံးစွဲခဲ့ကြပြီး နွေရာသီကာလများတွင် သောက်သုံးရေ ဝယ်ယူသုံးစွဲခဲ့ကြရသည်။   
   ထို့အတူ ဘန့်ဘာကျေးရွာအုပ်စုအတွင်းရှိ  ဘူးဝါး ကျေးရွာသည်           ခေတ်အဆက်ဆက်  ကိုယ်ပိုင်    မိုးရေလှောင်ကန်များဖြင့်သာ  သုံးစွဲခဲ့ကြပြီး  နွေရာသီကာလများတွင် သောက်သုံးရေ ဝယ်ယူသုံးစွဲခဲ့ကြသည်။ 

ယခုအခါ     ပင်လောင်းမြို့နယ် အတွင်းရှိ   နွေရာသီရေရှားပါးကျေးရွာ များတွင် သောက်သုံးရေရရှိရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)    ကျေးလက် ဒေသ      ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် အလျား ရှစ်ပေ၊ အနံ ၂၄ ပေ၊ အမြင့် ရှစ်ပေ ရှိသည့် ငါးခန်းတွဲ ရေစက်ရုံ  တစ်ခု တည်ဆောက်ခြင်း၊ အလျား ရှစ်ပေ၊  အနံ ရှစ်ပေ၊  အမြင့်  ခြောက်ပေ   ရှိသည့် ရေစစ်ကန်နှင့် ရေမြောင်းများ ဆောင်ရွက် ခြင်း၊ ရေဂါလန် ၃၀၀၀၀ ဆံ့ ရေစုကန်နှင့် ရေဂါလန်  ၁၀၀၀၀ ဆံ့  ရေစုကန်များ တည်ဆောက်ခြင်း၊ ရေထွက်မှ  ရေပိုက် လိုင်း   သွယ်တန်းခြင်းနှင့်   အမြင့်တင် ရေပိုက်လိုင်းများ၊ မီးလိုင်းများ  တပ်ဆင် ခြင်းလုပ်ငန်းများ     ဆောင်ရွက်ကာ ရေလိုအပ်ချက်များကို ဖြည့်တင်းပေးခဲ့ရာ တစ်ရက် ရေဂါလန် ၇၆၅၀၀ ကို  ပေးဝေ နိုင်၍ အိမ်သုံးရေမီတာစနစ်ဖြင့်  သုံးစွဲ နိုင်ပြီဖြစ်သည်။ 

ပင်းတယမြို့နယ်၌ 
ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု

ဓနု    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်     တမဲကျေးရွာအုပ်စု အင်းပက်လက်ကျေးရွာနှင့်     နန်ပလန် ကျေးရွာ၊    သစ်အယ်ပင်ကျေးရွာအုပ်စု သရက်ပြားကျေးရွာနှင့်      သစ်အယ်ပင် ကျေးရွာ    လေးရွာတို့သည်   နွေရာသီ ရေရှားပါးကျေးရွာများဖြစ်ကြသည်။ 
ယခင်က      ပင်းတယမြို့နယ်  အင်းပက်လက်ကျေးရွာသည်   ကိုယ်ပိုင် မိုးရေလှောင်ကန်ဖြင့်သာ သုံးစွဲကြရပြီး နွေရာသီကာလတွင်   ရေလုံလောက်မှု မရှိသောကြောင့် တစ်မိုင် နှစ်ဖာလုံခန့် ကွာဝေးသော ကလောမြို့နယ်အတွင်းရှိ   ချယ်ရီမြိုင်  တောရကျောင်းအတွင်းရှိ စက်ရေတွင်းမှ အလှည့်ကျ သွားရောက် ခပ်ယူသုံးစွဲခဲ့ရသည်။ 

နန်းပလန်        ကျေးရွာသည်လည်း ကိုယ်ပိုင်မိုးရေလှောင်ကန်ဖြင့်သာ သုံးစွဲ ခဲ့ရပြီးနွေရာသီကာလတွင်    ရေလုံ လောက်မှုမရှိသောကြောင့်    တစ်မိုင်  သုံးဖာလုံခန့်ကွာဝေးသော   ကလော မြို့နယ်အတွင်းရှိ    ချယ်ရီမြိုင်တောရ ကျောင်းအတွင်းရှိ    စက်ရေတွင်းမှ အလှည့်ကျသွားရောက်  ခပ်ယူသုံးစွဲခဲ့ရ သည်။          


ထို့အတူ  သရက်ပြားကျေးရွာသည် မိုးရာသီနှင့် ဆောင်းရာသီကာလများ တွင်   ကိုယ်ပိုင်မိုးရေလှောင်ကန်နှင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့်   ဆောင်ရွက် သည့်  စိမ့်စမ်းမှ  ရေရယူသုံးစွဲခဲ့သည်။ နွေရာသီ ကာလတွင် စိမ့်စမ်းရေထွက်မှာ ခန်းခြောက်သွားသောကြောင့်  တစ်မိုင် ခန့်ကွာဝေးသော    ကလောမြို့နယ် အတွင်းရှိ ချယ်ရီမြိုင်တောရကျောင်း အတွင်းရှိ    စက်ရေတွင်းမှ     အလှည့်ကျ သွားရောက် ခပ်ယူသုံးစွဲခဲ့ရသည်။ 

သစ်အယ်ပင်ကျေးရွာသည်လည်း ကိုယ်ပိုင်မိုးရေလှောင်ကန်နှင့် အလှူရှင် ဖြင့် တူးဖော်ပေးထားသည့် လေးလက်မ စက်ရေတွင်းမှရေကို  သုံးစွဲခဲ့ရသည်။ နွေရာသီကာလတွင် စက်ရေတွင်း၏  ရေထွက်နှုန်းနှင့် ကျေးရွာ၏သုံးစွဲမှုမှာ မျှတမှုမရှိသောကြောင့်    သုံးမိုင်ခန့် ကွာဝေးသော ကလောမြို့နယ်အတွင်း မှ ချယ်ရီမြိုင်တောရကျောင်း အတွင်းရှိ စက်ရေတွင်းမှ အလှည့်ကျသွားရောက် ခပ်ယူသုံးစွဲခဲ့ရသည်။ 

ယခုအခါ  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ     ပင်းတယမြို့နယ်အတွင်းရှိ နွေရာသီ  ရေရှားပါးကျေးရွာများတွင် သောက်သုံးရေရရှိရေးအတွက် မြို့နယ် ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အင်းပက်လက်အပါအဝင် ကျေးရွာ ငါးရွာတွင် စုပေါင်းရေရရှိရေး လုပ်ငန်းများ       အမြင့်တင်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့သည်။      နွေရာသီ ရေရှားပါးကျေးရွာဖြစ်သည့်     အင်း ပက်လက်၊   နန်ပလန်၊   သရက်ပြား၊ သစ်အယ်ပင်၊  ဘော်ဆုံ (ကလော)  ကျေးရွာများတွင်  လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းခြင်း၊  အမှတ်(၁)နှင့် အမှတ်(၂)   စက်ရေတွင်းတူးဖော်ခြင်း၊  ရေစက်ရုံတည်ဆောက် ခြင်း၊ ရေစုကန်  ဂါလန် ၂၀၀၀၀  ဆံ့ တည်ဆောက်ခြင်း၊   ရေဖြန့်ဝေကန် ဂါလန် ၃၀၀၀၀ ဆံ့ တည်ဆောက်ခြင်း၊ ကျေးရွာရေစုကန် ဂါလန် ၁၀၀၀၀ ဆံ့နှင့်  ဂါလန် ၅၀၀၀  ဆံ့  ရေလှောင်ကန် တည်ဆောက်ခြင်း၊  ရေတင်ပိုက်လိုင်း        တူးဖော်ခြင်း၊  ကျေးရွာချင်းဆက်     ပိုက်လိုင်းများ  တူးဖော်ခြင်းနှင့်  ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများ၊  အိမ်တိုင် ရာရောက်  ရေမီတာ တပ်ဆင်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယနေ့အချိန်တွင်  အဆိုပါ ကျေးရွာငါးရွာ စုပေါင်း ရေပေးရေး လုပ်ငန်းသည်  အိမ်ခြေ ၈၅၀၊  လူဦးရေ ၃၈၉၈   ဦးအတွက်   သောက်သုံးရေ  လုံလောက်စွာသုံးစွဲနိုင်ပြီး   ရေလိုအပ်ချက် များကို ဖြည့်တင်းပေးခဲ့သည်။ 

ကလောမြို့နယ်၌ 
ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု

နွေရာသီ    ရေရှားပါးကျေးရွာများ ဖြစ်သည့် ကလောမြို့နယ်  ဘော်ဆိုင်း ကျေးရွာအုပ်စု      ဘော်ဆုံကျေးရွာ၊ သီခေါင်ကျေးရွာအုပ်စု  မြောက်မြေခြား ကျေးရွာနှင့် တောင်ပတ်ကျေးရွာတို့တွင် အိမ်ခြေ ၂၆၀၊ လူဦးရေ ၁၀၆၃ ရှိသည်။ 

ယခင်က ကလောမြို့နယ်  ဘော်ဆုံ ကျေးရွာ၊     မြောက်မြေခြားကျေးရွာနှင့် တောင်ပတ်ကျေးရွာတို့သည် သောက်ရေ အတွက် ကိုယ်ပိုင်မိုးရေလှောင်ကန်နှင့် သုံးရေအတွက်     မြေသားကန်မှရေကို သုံးစွဲခဲ့ရသည်။     ဘော်ဆုံကျေးရွာသည် နွေရာသီကာလတွင်     ရေမလုံလောက် မှုကြောင့်    နှစ်မိုင်ခန့်   ကွာဝေးသော ကလောမြို့နယ်အတွင်းရှိ    ချယ်ရီမြိုင်တောရကျောင်းအတွင်းရှိ စက်ရေတွင်းမှ အလှည့်ကျ        သွားရောက်ခပ်ယူ၍ လည်းကောင်း၊   မြောက်မြေခြားကျေးရွာ နှင့် တောင်ပတ်ကျေးရွာများသည် နွေရာသီ ကာလတွင်    ရေလုံလောက်မှုမရှိသော ကြောင့် သောက်သုံးရေအတွက်  ဝယ်ယူ၍ လည်းကောင်း သုံးစွဲခဲ့ကြရသည်။ 

ယခုအခါ  ကလောမြို့နယ်အတွင်းရှိ နွေရာသီရေရှားပါး    ကျေးရွာများတွင် သောက်သုံးရေရရှိရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက  မြောက်မြေခြားနှင့်  တောင်ပတ် ကျေးရွာနှစ်ရွာ         စုပေါင်းရေရရှိရေး အနေဖြင့်     စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ စက်ရေတွင်း အနီး  ရေစုနိုင်ရန် ဂါလန် ၁၀၀၀၀ ဆံ့  ရေစုကန်နှင့် မြောက်မြေခြားကျေးရွာတွင် ဂါလန် ၅၀၀၀ ဆံ့  ရေလှောင်ကန်အား မြစိမ်းရောင်ကျေးရွာစီမံကိန်း  အတိုးရ ငွေဖြင့်  တည်ဆောက်ခြင်း၊  တောင်ပတ် ကျေးရွာတွင် ကိုယ်ထူကိုယ်ထ  ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန်  တည်ဆောက် ခြင်း၊   ရေတင်ပိုက်လိုင်းတူးဖော်ခြင်း၊ ကျေးရွာတွင်း     ဖြန့်ဝေပိုက်လိုင်းများ ဆောင်ရွက်ပြီး ရေမီတာ တပ်ဆင်အသုံးပြု ကာ ရေလိုအပ်ချက်များကို ဖြည့်တင်း ပေးခဲ့သည်။     ဘော်ဆုံကျေးရွာတွင် ပင်းတယမြို့နယ်မှ  ကျေးရွာလေးရွာ၊ ကလောမြို့နယ်မှ     ဘော်ဆုံကျေးရွာ တစ်ရွာအပါအဝင် ကျေးရွာငါးရွာ စုပေါင်း ရေပေးရေးလုပ်ငန်းမှတစ်ဆင့်  ရွာတွင်း  ဖြန့်ဝေ ပိုက်လိုင်းများ   တူးဖော်ဆောင်ရွက် ပြီး     ရေမီတာတပ်ဆင်အသုံးပြုကာ ရေလိုအပ်ချက်များအား     ဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့သည်။ 

ဖယ်ခုံမြို့နယ်၌ 
ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု

နွေရာသီ   ရေရှားပါးကျေးရွာများ ဖြစ်သည့် ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စု ရှိ ကျေးရွာ ၂၀ တို့တွင် အိမ်ခြေ  ၁၆၆၅၊ လူဦးရေ ၈၃၈၄ ရှိပြီး  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင် စု/ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့်  ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ 

ဖယ်ခုံမြို့နယ်   ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ ကို နွေရာသီကာလများတွင် သန့်ရှင်းသော  သောက်သုံးရေရရှိစေရေး အတွက်  စလောင်းတောင်ကုန်းပေါ်တွင် ဂါလန် ၅၀၀၀၀ ဆံ့   ရေဖြန့်ဝေကန်တည်၍ စလောင်းရေထွက်တွင်    ရေတားတမံ၊ ရေယူကန်၊ ရေခေါ်မြောင်းနှင့် ရေစက်ရုံ များ တည်ဆောက်ကာ  ပထမအဆင့်အနေ ဖြင့် ပေ ၃၁၀၀ ကွာဝေးပြီး အမြင့် ၅၉၁  ပေရှိသောနေရာတွင် ဂါလန် ၂၀၀၀၀ ဆံ့ ရေစုကန်သို့ အမြင့်တင်စနစ်ဖြင့် ရေများ  တင်ပို့သည်။ 

ထိုမှတစ်ဆင့် ပထမအဆင့် ဂါလန် ၂၀၀၀၀ ဆံ့ ရေစုကန်နေရာတွင် ရေစက်ရုံ  ထပ်မံတည်ဆောက်၍ ပေပေါင်း ၄၉၂၁ ပေကွာဝေးပြီး အမြင့် ၈၃၇ ပေတွင်ရှိသော ဂါလန်  ၅၀၀၀၀  ဆံ့  ရေဖြန့်ဝေကန်သို့ ရေများတင်ပို့ရသည်။ စလောင်းရေထွက် မှ  ပထမအဆင့် ဂါလန် ၂၀၀၀၀ ဆံ့ ရေစုကန်သို့ တစ်နာရီလျှင် ရေဂါလန် ၄၅၀၀ ခန့်၊   ဒုတိယအဆင့်   ဂါလန်  ၅၀၀၀၀ ဆံ့ ရေဖြန့်ဝေကန်သို့  တစ်နာရီ လျှင် ရေဂါလန်   ၄၅၀၀ ခန့်   တင်ပို့ သည်။ 

ဂါလန် ၅၀၀၀၀ ဆံ့ ရေဖြန့်ဝေကန်မှ  ပေ ၆၇၅ဝ ခန့်ကွာဝေးသော စလောင်း ကျေးရွာထိပ်တွင်  ရေပိုက်လိုင်းခွဲထား ရှိပြီး    ထိုမှတစ်ဆင့်   လအိကျေးရွာ တောင်ကုန်းပေါ်ရှိ ဂါလန် ၂၀၀၀၀ ဆံ့ ဖြန့်ဝေကန်၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန် နှင့်  ကုန်းငူကျေးရွာ     တောင်ကုန်းပေါ်ရှိ   ဂါလန်  ၂၀၀၀၀ ဆံ့  ရေဖြန့်ဝေကန်၊ ဂါလန် ၅၀၀၀ ဆံ့   ရေစုကန်များသို့   ရေများ ဖြန့်ဝေသည်။ ရေပိုက်လိုင်းခွဲမှ လအိကျေးရွာရှိ    ဂါလန်   ၂၀၀၀၀   ဆံ့ ဖြန့်ဝေကန်   ပိုက်လမ်းကြောင်းပေါ်တွင်  ကာမိုက်ကျေးရွာသို့      ပိုက်လိုင်းခွဲ ထားရှိပြီး     လအိကျေးရွာရှိ    ဂါလန် ၂၀၀၀၀ ဆံ့  ဖြန့်ဝေကန်မှ   ကျေးရွာ  ခုနစ်ရွာဖြစ်သည့်   ဟန်ပို့၊  ကောကူ၊ ငူးပလိုင်၊   မယ်တော်ကုန်း၊  ဟန့်ဘူး၊   ကာဟန်နှင့်  ဘန်းမိုက်ကျေးရွာများသို့ ရေများ ပြန်လည်ဖြန့်ဝေခဲ့သည်။ 

ရေပိုက်လိုင်းခွဲမှ  ကုန်းငူကျေးရွာရှိ ဂါလန် ၂ဝဝဝဝ ဆံ့ ရေဖြန့်ဝေကန်ပိုက်  လမ်းကြောင်းပေါ်တွင် စလောင်း၊ ရီနွဲ့ (အလယ်)၊ တာလဘလို စသည့်ကျေးရွာ များသို့ ပိုက်လိုင်းခွဲထားရှိပြီး ကုန်းငူ ကျေးရွာဂါလန် ၂၀၀၀၀ ဆံ့ ရေဖြန့်ဝေ ကန်မှ     ကျေးရွာ   ခုနစ်ရွာဖြစ်သည့် ဆောင်းဘို၊ တီးတိန်၊ ဟန်ကလောက်၊ စလင်း၊ မိုး၊ ပလေငံ၊ ပြည်တော်သာနှင့် ဗိုင်ဗလိုကျေးရွာများသို့     ရေများ ပြန်လည်ဖြန့်ဝေပေးခဲ့သည်။ 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်  အတွင်းမှာပင်     စုပေါင်းကျေးရွာရေ ရရှိရေးလုပ်ငန်းများ   ဆောင်ရွက်ပေး မှုကြောင့် နွေရာသီရေရှားပါးကျေးရွာ များဖြစ်သည့်     ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာ ၁၀ ရွာ၊ ပင်းတယ မြို့နယ်အတွင်းရှိ   ကျေးရွာ လေးရွာ၊ ကလောမြို့နယ်အတွင်းရှိ    ကျေးရွာ  သုံးရွာနှင့်     ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ တို့မှ ဒေသခံပြည်သူများ အတွက်  ရာသီမရွေးသောက်သုံးရေ လိုအပ်ချက်ကို    ဖြည့်တင်းပေးနိုင်ခဲ့ ကြောင်း တင်ပြလိုက်ရပါသည်။      ။