ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးမွေးမြူရေး၊ သမဝါယမလုပ်ငန်းများနှင့်  မြစိမ်းရောင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Multivitamin (EV, Solar Power Energy)

 

 

စက်မှုစီးပွားထူးချွန်ဆုရ အင်ဂျင်နီယာ (ထွန်း)

 

(ယမန်နေ့မှ အဆက်)

 

ရေတံခွန်ရေစီးအား အသုံးပြု၍ ရေအားလျှပ်စစ် Hydro Power ရယူနိုင်ခြင်းအပြင်  နေရောင်ခြည် ရနေချိန်တွင် Solar Energy ဖြင့် လည်းကောင်း၊ လေစွမ်းအားရနေချိန်တွင် Wind Power ဖြင့်လည်းကောင်း မြေနိမ့်ရာမှ ပို၍မြေမြင့်သည့်နေရာရှိ ရေလှောင်ကန်(Reservoir)သို့ ရေစုပ်တင်ဖြည့်ပေးပြီး ထိုမှတစ်ဖန် ပိုက်လိုင်းသွယ်တန်းကာ အပေါ် သိုလှောင်ကန်မှရေကို အောက်သို့စီးဆင်းစေသည့် ရေဆင်းပိုက်လိုင်းပြုလုပ်ခြင်း၊ ထိုလမ်းကြောင်း၏ တစ်နေရာတွင် Hydro Turbine Power Generator တပ်ဆင်ထားရှိပြီး Open-loop Pumped Hydropower ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ ခြင်းဖြင့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရနိုင်သေးသည့်နေရာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ပါမည်။

 

Open-loop Pumped Hydropower နည်းစနစ်

 

ဖော်ပြပါနည်းစနစ်ကို မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်စွမ်းအားပေးနိုင်မည့် မြေအနေထားပေးသော နေရာတိုင်းတွင် တည်ဆောက်ပေးပြီး လက်ရှိ မိမိတို့၏ မဟာဓာတ်အားလိုင်းသို့လည်း လျှပ်စစ် ဓာတ်အား စွမ်းအားဖြည့်တင်း ပေးနိုင်အောင် စီမံ ပေးနိုင်ပါသည်။

 

ထိုသို့သော Open-loop Pumped Hydro- power နည်းစနစ်ကို အသုံးပြုရာတွင် Auto Series Pumps Group Pumping system များဖြင့် ဆောင်ရွက် ရာ၌ Group အလိုက် ပါဝင်နေသည့် pump တစ်လုံး ချင်းစီ၏ function မလုပ်သည်နှင့် ချက်ချင်းသိနိုင်မည့် Information feedback control system ကိုပါ စီမံထားရှိကာ ချွတ်ယွင်းမှုကိုသိရှိသည်နှင့် အရန်သင့် ဆောင်ထားသည့် Pump ဖြင့် ချက်ချင်းအစားထိုးပေးနိုင်အောင် စီမံပေးထားခြင်းဖြင့် Main Oper‌ation System Function ကို အနှောင့်အယှက်မဖြစ်စေအောင် လုပ်ထားနိုင်ပါမည်။

 

ဆိုလာနှင့် လေအားသုံး Hybrid Energy System

 

မိသားစုများ တောစခန်းချ အနားယူသောနေရာ၊ ရှေ့တန်းကင်းစခန်းချထားနေရာများ၊ ရှေ့တန်းအလုပ်ဌာနနေရာများ၊ သတ္တုတူးဖော်ရေး မိုင်းလုပ်ငန်းနေရာများအတွင်း အလုပ်ခန်းနေရာများနှင့် လူနေအဆောက်အအုံနေရာများ၊ လျှပ်စစ်ဓာတ်အား မရှိသေးသော မဟာဓာတ်အားလိုင်းနှင့်ဝေးသည့် နေရာမျိုးများတွင်လည်း ဖော်ပြပါ ပူးတွဲတင်ပြထား သည့် နမူနာ Mini Solar Wind Hybrid Energy System ကို အသုံးချနိုင်မည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ဆိုလာစနစ်၏ အခန်း ကဏ္ဍနှင့်ပတ်သက်၍ မာလ်တီဗိုက်တာမင် အားဆေး တစ်ရပ်အဖြစ် အကြံပြုတင်ပြလိုက်ပါသည်။ ။

 

mdn