ကျေးဇူးတော်နေ့မှာ အိမ်မှာပဲနေရန် အမေရိကန်နိုင်ငံသားတွေအား တိုက်တွန်း

၂၀ နိုဝင်ဘာ

အမေရိကန် နိုင်ငံသားတွေအား ကျေးဇူးတော်နေ့ (Thanksgiving) မှာ ခရီးမသွားရန် တာဝန်ရှိသူတွေက ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၂၃၉ ဦး ရှိပါတယ်။ မေလကစပြီး သေဆုံးသူအများအဆုံး အရေအတွက်ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီနေ့(သောကြာနေ့)ကစပြီး BioNTech နဲ့ Pfizer တို့က ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် စီစဉ်ထားပါတယ်။

အမေရိကန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၁၁ ဒသမ ၆ သန်းနဲ့ သေဆုံးသူ ၂၅၁,၀၀၀ ကျော်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုံမှန်အားဖြင့် သန်းချီတဲ့ အမေရိကန် နိုင်ငံသားတွေဟာ ကျေးဇူးတော်နေ့မှာ မိသားစု စုံညီတွေ့ဆုံရန် ခရီးသွားလေ့ရှိသလို မိသားစု ညစာစားပွဲပြုလုပ်ရန် ခရီးသွားလေ့ ရှိပါတယ်။

အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနမှ ဒေါက်တာ ဟင်နရီ ဝေါ့ကီးက ကျေးဇူးတော်နေ့မှာ ခရီးမသွားဖို့ဆိုတာ ခိုင်မာတိကျတဲ့ တိုက်တွန်းချက်ဖြစ်တဲ့ လိုအပ်ချက်တော့ မဟုတ်ကြောင်း၊ နိုင်ငံသားတွေ မိမိတို့အိမ်မှာနေကြရန် တိုက်တွန်းပြောကြားပါတယ်။

ကျေးဇူးတော်နေ့ဟာ လာမယ့် ကြာသပတေးနေ့မှာ ကျရောက်ပြီး အမေရိကန်အများစုဟာ သောကြာနေ့မှာ အလုပ်နားရက်ယူတဲ့အတွက် ပိတ်ရက်ရှည်ရရှိကြမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျေးဇူးတော်နေ့တွင် အမေရိကန်နိုင်ငံသားတွေ ခရီးသွားလေ့ရှိတာကို တွေ့ရပါတယ်။

MDN

ကိုးကား - AFP