ကော့သောင်း ဇွန် ၁၅
ကော့သောင်း နယ်စပ်ကုန်သွယ် ရေးအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လအလိုက်တင်ပို့ရန် လျာထားမှုများ ပြည့်မီနိုင်ရေး လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဇွန် ၁၄ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ကော့သောင်း FOB စစ်ဆေးရေးစခန်းတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ FOB စစ်ဆေးရေးအဖွဲ့မှ ရေထွက်ပစ္စည်းပြည်ပတင်ပို့မည့် လှေများကို စနစ်တကျစစ်ဆေးခဲ့ကြပြီး ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွဋ်၊ ကုန်သွယ်ရေးဦးစီးဌာန ကော့သောင်းကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးမျိုးမင်းသန့်နှင့် မြို့နယ်အကောက်ခွန် ဦးစီးဌာနမှူး ဦးခင်မောင်စိုးတို့က သက်ဆိုင်ရာဌာနအလိုက် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးနှင့် ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ပေးမှုများ ပြောကြားသည်။ ထိုနောက် ကော့သောင်း ကုန်သည်အသင်းဥက္ကဋ္ဌ ဦးမျိုးဟန်နှင့် ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ရေထွက်ပစ္စည်း ပြည်ပတင်ပို့ မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
ကော့သောင်း နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်တွင် ရေထွက်ပစ္စည်းပို့ကုန်တင်ပို့မှု လှေစင်းရေ ၄၀၀၀ (တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၅ ဒသမ ၂၉၉ သန်း)အား ကော့သောင်းတစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်း သို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


