ကော့သောင်းမြို့တွင် ဓမ္မစကူးလ်သင် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မစကူးလ်ဆရာ၊ ဆရာမများအား လှူဒါန်းထောက်ပံ့

ကော့သောင်း ၇ ဇွန်

 

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ဓမ္မစကူးလ်ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း စားဝတ်နေရေး အဆင်ပြေကြစေရန်ရည်ရွယ်၍ ယမန်နေ့က နိဗ္ဗန်အေး ပရိယတ္တိစာသင်တိုက်တွင် ကော့သောင်းမြို့ရှိ ဓမ္မစကူးလ်သင် ဘုန်းတော်ကြီးကျောင်းများ နှင့် ဆရာ/ဆရာမ (၃၁၀)ဦးအား အလှူငွေနှင့်အခြေခံစားကုန်ပစ္စည်းများ လှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျောင်းသားအရွယ်ကလေးသူငယ်များအား ဓမ္မအသိနှင့်ယဉ်ကျေးမှုတရားများ ထွန်းကား ပြန့်ပွါး ခိုင်မြဲစေရန် ဆောင်ရွက်နေကြသည့် ကော့သောင်းမြို့နယ်အတွင်းရှိ ဓမ္မစကူးလ်သင် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မစကူးလ်သင် ဆရာ/ဆရာမစုစုပေါင်း (၃၁၀)ဦးအား ကော့သောင်းမြို့ ဟက်ပီးရွှေဆိုင်ပိုင်ရှင် ဦးမျိုးမြင့်+ဒေါ်စန်းစန်းနွဲ့မိသားစု မှ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ ခေါက်ဆွဲခြောက်များအား လှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ လှူဒါန်းထောက်ပံ့ရာတွင် ဓမ္မစကူးလ်သင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် ဆန်(၃)အိတ်၊ ဆီ(၃)ဗူး၊ မားမားခေါက်ဆွဲခြောက်(၃)ပါကင်၊ အလှူငွေ(၃၀ဝ၀ဝ)ကျပ်စီ၊  ဓမ္မစကူးလ်သင် ဆရာ/ဆရာမတစ်ဦးလျှင် ဆန်(၁)အိတ်၊ ဆီ(၁)ဗူး၊ မားမားခေါက်ဆွဲခြောက်(၁)ပါကင်စီနှင့် ထောက်ပံ့ငွေ ကျပ်(၁၀ဝ၀ဝ)စီ လှူဒါန်း ထောက်ပံ့ခဲ့သည်။

 

ကျော်စိုး(ကော့သောင်း)