ကော့သောင်းခရိုင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများ ကျင်းပ

ကော့သောင်း  ၂၅  သြဂုတ်

 

ကော့သောင်းခရိုင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးကော်မတီနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့်   လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊  ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများကို သြ ဂုတ်လ ၂၅ ရက် နံနက် (၉) နာရီ က ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပရာ ကော့သောင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေး မှူးဦးနေဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးသည်။

 

 

 ပြိုင်ပွဲ များအား  “ လူကုန်ကူးမှုပပျောက်ရေးပြည်သူအားလုံးပါဝင်ပေး“ ခေါင်းစဉ် တစ်မျိုးတည်း သတ်မှတ် ယှဉ်ပြိုင်စေခြင်းဖြင့်ရာ  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ  အထက်တန်းအဆင့် ၊ အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ၊ ပန်းချီ/ကာတွန်းပြိုင်ပွဲ တွင် (၂၄၉) ဦး ၊ စာစီစာကုံးပြိုင်ပွဲတွင် (၁၅၁)ဦး စုစုပေါင်း ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ (၄၀ဝ)ဦး ဝင် ရောက်ယှဉ်ပြိုင်ကြသည်။

 

အဆိုပါပြိုင်ပွဲ ဆုများအား ပြိုင်ပွဲကြီးကြပ်ရေးနှင့် ဆုရွေးချယ်ရေးကော်မတီမှ စီစစ်ရွေးချယ်ကြမည်ဖြစ်ပြီး ဆုကြေးငွေများအား ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးကော်မတီ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် IN GO အဖွဲ့အစည်းများဖြစ်သည့် WORLD VISION (ကော့သောင်း) ၊ အဖွဲ့များမှ ပံ့ပိုးဖြည်းဆည်း ပေးကြကာ ဆုရရှိသူများအား စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့်  လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင်  ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)