ကျောင်းသား၊ကျောင်းသူများအား အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်ဟောပြောပြီး အားကစားပစ္စည်များထောက်ပံ့

ဘားအံ   ၁၁  ဇွန်

 

ကရင်ပြည်နယ်၊ဘားအံမြို့ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းသား/ကျောင်းသူများအား နိုင်ငံလက်ရွေးစင် အားကစားသမားဟောင်းများအသင်းမှ မြန်မာအားကစားဖွဲ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်ပြီး အားကစားအကြောင်းအရာများ ဟောပြောခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့သော အားကစား ပစ္စည်းများပေးအပ်ပွဲအခမ်းအနာကို ယနေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ မြသံလွင် ခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နိုင်ငံလက်ရွေးစင် အားကစားသမားဟောင်းများအသင်းဥက္ကဌ ဦးနန္နကျော်စွာ (ရေကူးလက်ရွေးစင်)ဟောင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး လက်ရွေးစင် အားကစားသမား ဟောင်းများဖြစ်ကြ သည့် ဦးကျော်ခင်(ပြေခုံပစ်လက်ရွေးစင်ဟောင်း)၊ ဦးအေးမောင်ကြီး(ဘောလုံးလက်ရွေးစင်ဟောင်း)၊ ဒေါ်ဂျနီဖာတင်လေး(ပြေးခုံပစ်လက်ရွေးစင်ဟောင်း)တို့က အားကစားအတွေ့အကြုံများအား တက်ရောက်လာကြသော အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းဟောပြောခဲ့သည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့သော အားကစားပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးက ပေးအပ်ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

DSCN9976++

 

DSCN9976