ကျောင်းကုန်းမြို့တွင် သင်္ချာအိုလံပစ် ပြိုင်ပွဲကျင်းပ

ကျောင်းကုန်း ၂၂  စက်တင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သင်္ချာအိုလံပစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ကျင်းပရာ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ Grade 9 (၃၂)ဦး၊ Grade 10 (၃၆)ဦး နှင့်Grade 11 (၁၉)ဦး၊ စုစုပေါင်း (၈၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထူးချွန်သော ကျောင်းသားကျောင်းသူ (၁၀) စီ ရွေးချယ်ကာ တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ အောက်တိုဘာလ ၁ ရက်နေ့အရောက် ပေးပို့ရမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးအဆင့် ထူးချွန်ပြိုင်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်းကောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း  မြန်မာနိုင်ငံ သင်္ချာအသင်းက ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)