ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ရက်တည်း ငါးဦးသေဆုံး

ကျောင်းကုန်း   ဇူလိုင်   ၁၈
  
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ ကိုဗစ်-၁၉ အတည်ပြုလူနာများထဲမှ ဇူလိုင် ၁၇ ရက် ညနေပိုင်းအထိ တစ်ရက်တည်း ငါးဦး သေဆုံးကြောင်း၊ သေဆုံးသူစုစုပေါင်း ကိုးဦးအထိ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

 

ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား ၁၆) ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၃၃ ဦး ရှိကြောင်း သိရသည်။ လူနာအများစုဟာ အောက်ဆီဂျင်ရှူနေရကြောင်း၊ အောက်ဆီဂျင်လှူဒါန်းနေသော အဖွဲ့တွင် အိုး ၂၀ ခန့်ရှိသော်လည်း အစိုးရိမ်လွန်သည့်သူများထံ ပျံ့နှံ့နေလျက်ရှိရာ အမှန်တကယ် အသုံးလိုသည့် ပြည်သူ့ဆေးရုံ၌ အိုးအလွတ်နည်းနေသဖြင့် အခက်အခဲဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)