ကျောင်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက်  ရန်ပုံငွေပေးအပ်

ကျောင်းကုန်း  ၅  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးသည် ယနေ့ နံနက်ပိုင်းက  ကျောင်းကုန်းမြို့နယ်သို့ ရောက်ရှိ၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း ကော်မတီအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

282

 

ထို့နောက် မြို့နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ကျောင်းကုန်း မြို့တွင် Facility  Quarantine  (၆)ခု ဖွင့်လှစ်ထားပြီး၊ (၃)နေရာတွင် (၁၄)ဦး ထားရှိ ထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က သံသယလူနာထားရှိရန် မြို့နယ်ပြည်သူ့ဆေးရုံ ခုတင် (၅၀) ဆံ့နှင့် (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂) ခုတွင် အသင့်ပြင်ဆင်ထားကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

284

 

ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေကျပ် သိန်း (၁၂၀)ကျော် ရရှိထာကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့်ပစ္စည်းများ (၄၈)သိန်းကျော် ဝယ်ယူထားပြီး၊ လက်ကျန်ငွေ(၇၂)သိန်း ကျော်ရှိကြောင်း၊ ကျောင်းကုန်းမြို့နယ် ကျန်းမာရေးဝန်ထမ်း (၂၃၀)ဦးအား ဖုန်းဘေ(၅၀ဝ၀)ကျပ်နှင့် ဆိုင်ကယ်ဆီဖိုး(၂၀ဝ၀)ကျပ် ၊စုစုပေါင်း (၁၆) သိန်းကျော်ကို မြို့နယ်လုပ်ငန်းကော်မတီမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကော်မတီဝင် တစ်ဦးထံမှ သိရသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ရန်ပုံငွေ ကျပ်သိန်း(၁၂၀)နှင့် Mask (၁၀ဝ၀)ခုတို့အား လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကမြို့နယ်အဆင့် ကိုဗစ်-၁၉ လုပ်ငန်းကော်မတီထံသို့ ပေးအပ်ခဲ့ပြီး၊ မြို့နယ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။ မုတ်သုန် ကျေးလက်ဖွံ့ဖြိုးရေးစင်တာမှ ဒေါက်တာသောင်းထွန်း က ကိုဗစ်-၁၉ အတွက်အလှူငွေ တစ်သိန်း လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)