ကျောင်းကုန်းမြို့မစခန်း ရဲတပ်ဖွဲ့ဝင်များနှင့် အချုပ်သားများအား နေ့စဉ်ကျန်းမာရေးစစ်ဆေးပေး

ကျောင်းကုန်း ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေသည် ယမန်နေ့မွန်းလွဲပိုင်းက လှည်းဆိပ်ရဲကင်းစခန်း ဝန်ထမ်းအိမ်ရာတွင် ထားရှိသော ကိုဗစ်ပိုးတွေ့သူ တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ကြက်ဥနှင့် ငှက်ပျောသီးများ ဝေငှပေးခဲ့ပြီး၊ ဒေါင့်ကြီးနယ်မြေစခန်းရှိ ကိုဗစ်ပိုးတွေ့သူ အချုပ်သားများအား သွားရောက်ကြည့်ရှုအားပေးကာ နှာခေါင်းစည်းနှင့် မျက်နှာကာများ ပေးဝေခဲ့သည်။

ကျောင်းကုန်းမြို့မစခန်းမှူးနှင့် တာဝန်မှူးတို့က တပ်ဖွဲ့ဝင်များနှင့် အချုပ်သားများအား နေ့စဉ် Pulse Oxycemeter နှင့် SPO2 တိုင်းတာပြီး Cvit တစ်နေ့နှစ်လုံး တိုက်ကျွေးခဲ့ကြောင်း သိရသည်။ ဇူလိုင်(၃)ရက်က ကျောင်းကုန်းမြို့မစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစု(၁၁)ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ယခုအခါ ဆေးရုံဆင်းခွင့်ရရှိကာ နေအိမ်တွင် ဆက်လက်နေထိုင်လျက်ရှိကြောင်းနှင့် ဇူလိုင်(၁၁)ရက်တွင် တပ်ဖွဲ့ဝင်(၈)ဦး၊ မိသားစု(၉)ဦးနှင့် အချုပ်သား(၉)ဦးတို့ထံ၌ ကိုဗစ်ပိုးတွေ့ရှိရသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံလျက်ရှိကြကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)