ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ အခမ်းနားကျင်းပ

ဝက်လက် ၁၁ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘူးဘကန်းကျေးရွာ မူလွန်ကျောင်းတွင် ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဉီးမောင်မောင်ဝင်း က စာကြည့်တိုက် ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပြီးနောက် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်တွင် ဝက်လက်မြို့ အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ  ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးရဲလင်းဉီး က အမှာစကား ပြောခဲ့သည်။

ထို့နောက် သပိတ်ကျင်းမြို့နယ်၊ ချောင်ကြီးကျေးရွာနေ အလှူရှင် ဉီးနိုင်လင်းထက်က ကျောင်းစာကြည့်တိုက်အတွင်း စာအုပ်ပေါင်း ၁၂၀၃ အုပ်နှင့် စာကြည့်တိုက်အတွင်းရှိ ပရိဘောဂများအား လှူဒါန်းရခြင်း ရှင်းလင်းပြောကြာရာ ကျေးရွာရှိ ရပ်မိ၊ ရပ်ဖ တစ်ဉီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲသို့ တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးမောင်မောင်ဝင်း နှင့် ဌာနဆိုင်ရာ အကြီးကဲများ၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၃၀ ဉီးခန့် တက်ရောက်ခဲ့သည်။

 စိုးစိုးလှိုင်(ဝက်လက်)