ကော့မှူးတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ကော့မှူး စက်တင်ဘာ  ၂၂

 

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် စားသုံးသူ ပြည်သူများ အခြေခံစားသောက်ကုန်များအား  ဈေးနှုန်းသက်သာစွာဝယ်ယူ စားသုံးနိုင်ရေးအတွက် ယနေနံနက်က မြို့သစ်ရပ်ကွက်၌ လာရောက် ရောင်းချပေးနေကြောင်း သိရသည်။

 

ထိုသို့ဈေးကားဖြင့် လာရောက်ရောင်းချသောအသင်းများနှင့် ဈေးဝယ်နေပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင် ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

 

အဆိုပါဈေးကားတွင် ဒေသခံပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ် ပြည်လျှင်ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့်လည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင်ငွေကျပ် ၁၇၀၀နှုန်းဖြင့် ငါးပြည်တစ်အိတ်ကိုငွေကျပ်  ၈၅၀၀ဖြင့်လည်းကောင်း ၊ ဆီငါး ဆယ်သားတစ်ဘူးကိုငွေကျပ် ၁၈၅၀ကျပ်ဖြင့်လည်းကောင်း ၊ ကြက်ဥဆယ်လုံးတစ်ကတ်ကို ၁၁၀၀ ကျပ် နှုန်းတို့ဖြင့် ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်သူရ (ကော့မှူး)