ကျောမြို့အနီး တောလမ်းတွင် မော်တော်ယာဉ်တိမ်းမှောက်

ဂန့်ဂေါ  ၂၀   ဇန်နဝါရီ 

ဂန့်ဂေါမြို့နယ် ကျောမြို့ဒေသ ရွှေပင်ကျေးရွာအနီး ကန်လယ်တောဘက်မှ ရွှေပင်ကျေးရွာသို့ သွားသည့် တောလမ်း၌ ဇန်နဝါရီ ၁၉ ရက်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာ လူတစ်ဦးသေဆုံးကြောင်း သိရသည်။ 

အဆိုပါ မော်တော်ယာဉ်မှာ မောင်းနှင်သူ (အမည်မသိ) အစိမ်းရောင် ဟီးနိုးခေါင်းရှည် ယာဉ်ဖြစ်၍ တိမ်းမှောက်ရာတွင် သစ်ခွဲသားများဖြင့်ပိပြီး အမျိုးသားတစ်ဦး သေဆုံးခြင်းဖြစ်ကာ သေဆုံးသူမှာ ပုလဲမြို့နယ် အင်တိုင်းသာကျေးရွာမှ ဦးမှတ်ဥ ဖြစ်ကြောင်း သိရသည်။ 

ယာဉ်ပေါ်တွင် တရားမဝင် ပျဉ်းကတိုးခွဲသား ၃၄ ချောင်း၊ (၄ ဒသမ ၃၈၅၄ တန်၊ သစ်ယာ ခွဲသား ၄ ချောင်း၊ ( ဝ ဒသမ ၆၈၉၆ ) တန် တို့ တင်ဆောင်ထားသည့်ယာဉ်ဖြစ်ကြောင်း သိရသည်။ 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂန့်ဂေါမြို့နယ် သစ်တောဦးစီးဌာနမှ တရားလိုပြုလုပ်ကာ ဂန့်ဂေါမြို့မ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူကြောင်း သိရသည်။ 

တောင်သားမောင်သန်း