ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါး  တားဆီးကာကွယ်နှိမ်နင်းနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကောလင်း ၁၅  ဇန်နဝါရီ          

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ချောင်းနားရဲကင်းစခန်း၌ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းနိုင်ရေး တွေ့ဆုံဆွေးနွေးကို ယမန်နေ့ မွန်းလွဲပိုင်းက  ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

96

 

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ဦးမျိုးဇော်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆန်းဦးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့သည်။

 

89

 

ထိုဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆန်းဦး စခန်းမှူး ဒုရဲမှူးမျိုးသူ၊ ချောင်းနားစခန်းမှူး ဒုရဲအုပ် အောင်ခိုင်ဇော်ဝင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(ရွှေလင်းယုန်) နှင့် ဒေသခံပြည်သူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)