ကောလင်းမြို့နယ်တွင် အလုပ်သမားမှတ်ပုံတင် ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ကောလင်း  ၆  မတ်

 

ကောလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်သမား အခွင့်အလမ်း တိုးတက်ရရှိရေးနှင့် အလုပ်ရှာဖွေရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေလွင်နှင့် ဝန်ထမ်းများသည် အလုပ်သမားမှတ်ပုံတင် ကတ်ပြားများကို ကောလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

အလုပ်သမားမှတ်ပုံကတ်ပြား ပြုလုပ်လိုသူများသည် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။ နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ (၁) စောင်၊ ပညာအရည်အချင်း အထောက်အထား မူရင်းနှင့် မိတ္တူ (၁) စောင် ယူဆောင်လာရမည် ဖြစ်ကြောင်းသိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)

 

mdn