ကောလင်းမြို့နယ်၌  နှစ်ရက်အတွင်း ခရမ်းချဉ်သီး  ၁ ပိဿာ ၅၀ဝ ကျပ်မှ ၂ဝဝ ကျပ်အထိ ဈေးနှုန်း ကျဆင်း

ကောလင်း ၃  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ နှစ်ရက်အတွင်း ခရမ်းချဉ်သီးဈေး ၁ ပိဿာ ၅၀ဝ ကျပ်မှ ၂ဝဝ ကျပ်အထိ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

 

632.0

 

ခရမ်းချဉ်သီးဈေး ချက်ခြင်းထိုးကျသွားသဖြင့် ကူးရောင်းသူများအနေဖြင့် အခင်းရှင်ထံမှ ၁ ပိဿာ ၁၅၀ ကျပ်လောက်သာ ပေးနိုင်ကြောင်း၊ ယခင်ရက်က ၁ ပိဿာ ၄၅၀ ကျပ်နှင့် ဝယ်ထားသည့် ခရမ်းချဉ်သီးများအား အရှုံးခံ၍ ရောင်းနေရကြောင်း ခရမ်းချဉ်သီး ကူးရောင်းသူ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

 

“ ကျွန်တော် ခရမ်းချဉ် ၁၀ ထုပ်စိုက်ထားတာ အရင်ပေါ်တာဆိုတော့ ၁ ပိဿာ ၁၂၀ဝ ကျပ်နဲ့ ရောင်းရတဲ့အတွက် ၃၅ သိန်းလောက်ရ ပါတယ်။ အခုက ကျွန်တော်တို့နယ်မှာလည်း ခရမ်းချဉ်သီးဈေး မကျဘူးဆိုပြီး  မစိုက်ဘူးဆိုတဲ့သူတောင် အနည်းဆုံး ၁ ထုပ် စိုက်ပျိုးထားတယ်။ ဒီအတိုင်းတာဆို မိုးဦးကျခါနီးလောက်မှ ဈေးပြန်လည် မြင့်တက်လာနိုင်တယ်” ဟု သရက်အိုက် ကျေးရွာနေ ဦးတင်မောင်က ပြောသည်။

 

မြင့်ထွန်းမင်း(ကောလင်း)

 

582