ကောလင်းမြို့နယ်၌ မိန်းဘုတ်ခုံဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံးနှင့် စပါးဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား

ကောလင်း   ၂   မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် စက်ရုံလယ်ပြင်ရပ်ကွက်၌ မေ ၂ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က မိန်းဘုတ်ခုံဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံးနှင့် စပါးဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သေး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့က မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် အချိန်မီ မီးငြိှမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ထရံကာ လူနေအိမ်တစ်လုံး၊ စပါးဂိုဒေါင်တစ်လုံးနှင့် စပါးတင်း ၁၀၀၊ ပရိဘောဂပစ္စည်းအချို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင် ဦးဝင်းမြင့်အား ကောလင်းမြို့မ ရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)