ကောလင်းမြို့နယ်အတွင်းမှ ဗြုန်းမြေစာအိတ်များ တင်ဆောင်လာသော ယာဉ်တစ်စီး ဖမ်းမိ

ကောလင်း  ၂  မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ရှမ်းကလုံးကျေးရွာနှင့် ပျားတစ်ရာတောင် သွားကားလမ်းပေါ်မှ တရားမဝင် ရွှေပါဝင်သောဗြုန်းမြေစာအိတ်များ တင်ဆောင်လာသော ယာဉ်တစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၁ ရက် နေ့က ကောလင်းမြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူးမျိုးသူ အနီးကပ်ကြီးကြပ်၍ ရဲအုပ်အောင်ဆန်းထူး ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊သစ်စေးတောင် နှင့် ပျားတစ်ရာ တောင်ပတ်ဝန်းကျင် အနီးတွင်တရားမဝင် ရွှေသတ္တု ခိုးယူတူးဖော်မှုမရှိစေရန် လှည့်ကင်းဆောင်ရွက်နေစဉ် ပျားတစ်ရာတောင်ဘက်မှ အောက်ကလုံး ကျေးရွာနေ ထွန်းလင်းအောင်မောင်းနှင်လာသော ယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်အတွင်းမှ တရားမဝင် ရွှေသတ္တု ပါဝင်သော ဗြုန်းမြေစာအိတ် (၄၉)အိတ် ရှာဖွေစစ်ဆေး တွေ့ရှိရသဖြင့် တရားမဝင် ဗြုန်းမြေစာအိတ်များ တင်ဆောင်လာသူ ထွန်းလင်းအောင်အား ကောလင်စမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)