ကျောက်တန်းမြို့ မြို့မဈေးတွင် ဈေးဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ

 

မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင် ကျောက်တန်းမြို့ မြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဟောပြောပွဲတွင်  မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု အကြိမ်ရေနှင့် မီးလောင်ဆုံးရှုံးမှု တန်ဖိုးများ လျော့နည်းကျဆင်းစေရေးတို့ကို အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့် (ပြန်/ဆက်)