ကျောက်ထုတွင် ဒေသမျိုးဆနွင်းများ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာ

ကျောက်ထု ၂၀ ဇွန်

မကွေးတိုင်ဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ဒေသမျိုး ဆနွင်းများ ပိုမိုစိုက်ပျိုး လာကြကြောင်းသိရသည်။

ဆနွင်းဟုဆိုရာတွင် ဟင်းချက်ရာတွင် ဟင်းခတ်ပစ္စည်းအဖြစ်အသုံးပြုသည့် ဆနွင်းဝါနင့် ဆေးဖက်ဝင် ဆနွင်းခါး ဟူ၍ နှစ်မျိုးရှိပြီး ဆနွင်းဝါကိုစီးပွားဖြစ် စိုက်ပျိုးကြခြင်းဖြစ်ကာ ဆနွင်းခါးကိုမူ တောတောင်များအတွင်း အလေ့ကျပေါက် ရောက်မူ့မှ ဆေးဖာ်စပ်ရန်သာတူးဖော်ကြသည်။ ဆနွင်းစိုက်ပျိုးရာတွင် မျိုးတစ်ပိဿာလျှင် ၇၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြပြီး တစ်နှစ်လျှင် တစ်ကြိမ်တူးဖော်ရောင်းချကြသည်။

ထိုသို့ရောင်းချရာတွင် ဆနွင်းအစို တစ်ပိဿာလျင် ငွေကျပ် ၇၀၀ ဖြင့် ရောင်းချရပြီး အခြောက်တစ်ပိသာလျှင် ငွေကျပ်၁၅၀၀ ဖြင့် ရောင်းချရကြောင်း ပန်းဆန်ကျေးရွာမှ ဆနွင်း စိုက်တောင်သူ ဦးသန်းဦး၏ ပြောပြချက်အရသိရသည်။ ယခင်ကာလများက အိမ်စားသုံးရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြရာမှ ယခုအခါစီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြခြင်းဖြစ်သည်။ စီးပွါးဖြစ်စိုက်ပျိုးရာတွင် စိုက်ပျိုးမည့်မြေကိုတူးဖော်၍ မြေဆွေးထည့်ပြီး ကြိုတင်ပြင်ဆင်ထားကြရသည်။

မိုးဉီးကျကာလရောက်သည့်အခါ မျိုးဥများအား ပင်ကြား/တန်းကြား ၂ ပေစီခြား၍ စိုက်ပျိုးကြသည်။ အပင်များထွားဆိုင်ခန့်ထွားလာသည့်အခါ အပင်ခြေရင်းအား မြေဆွ မြေပုံ ပေးကြရသည်။ နှစ်စဉ် နိုဝင်ဘာ /ဒီဇင်ဘာလများတွင် တူးဖော်ကြရသည်။ ဆနွင်း စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးပိသာချိန် (၂၀) ခန့်ထည့်သွင်းစိုက်ပျိုးရပြီး အထွက်နုန်းမှာ တစ်ဧကစိုက်ပျိုးလျင် ပိသာချိန် ၅၀၀ ခန့်ထွက်ရှိကြောင်း သိရှိရသည်။

မောဟေမာန် ပြန်/ဆက်