ကျောက်ထု၌ စားသုံးရန်မသင့်သည့် ခေါက်ဆွဲထုပ်များ သိမ်းဆည်း

ကျောက်ထု  ၂၈  ဇန်နဝါရီ

ဂန့်ဂေါခရိုင် ကျောက်ထုမြို့၌ ယနေ့နံနက်ပိုင်းက စားသောက်ကုန် ရောင်းဝယ်သည့်ဆိုင်များအား စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှုမရှိသည့် စားသောက်ကုန်များအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းဆည်းရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်ချက်များဖြစ်သည့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲများ ဖော်ပြထားခြင်းမရှိသော (Borax) ပါဝင်နေသည့် နတ်သမီးအမှတ်တံဆိပ် သက်သတ်လွတ် ခေါက်ဆွဲထုပ်များအား သိမ်းဆည်းခဲ့ကြောင်း ကျောက်ထုမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်က ပြောသည်။ 

 

‌ေ

 

အဆိုပါစစ်ဆေးမှုကို ကျောက်ထုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့များက စားသောက်ကုန်ရောင်းဝယ်သည့် ဆိုင် ၂၀ ကျော်အား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆိုင် ၁၀ ဆိုင်မှ ခေါက်ဆွဲထုပ် ၂၁၂ ထုပ်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ 

မောဟေမာန် (ပြန်/ဆက်)