ကော့ကရိတ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

ကော့ကရိတ် ၉  ဧပြီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီး ကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ထောက်ပံ့ကူညီပေးနိုင်ရန် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ စာရင်းကို ဧပြီလ(၇)ရက်နေ့မှစတင်ကာ ကောက်ယူလျက်ရှိကြောင်း  သိရသည်။

 

6695

 

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာစသည့် ထောက်ပံ့မှု(၅)မျိုးကို ထောက်ပံ့ ပေးနိုင်ရန်အတွက် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်င ကြက်ခြေနီအသင်း၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၄၆)အုပ်စု တို့တွင်  အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းများ ကောက်ယူခဲ့သည်။

 

အဆိုပါ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့မှု(၅)မျိုးကို မဟာသင်္ကြန် ရုံးပိတ်ရက်ဖြစ်သည့် ဧပြီလ(၁၀)ရက်မှ စတင်၍ အခမဲ့ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)

 

1464