ကော့ကရိတ်မြို့နယ် မြစိမ်းရောင် (ငါးကဏ္ဍ) ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ပေးအပ်

ကော့ကရိတ် ၂၇ ဇွန်

 

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးဇော်၊ ကော့ကရိတ်ခရိုင်မှူးနှင့် ဝန်ထမ်းများသည် ယနေ့တွင် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် ပိုင်ရပ်ကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) ငါးမွေးတောင်သူ (၉)ဦး၏ ငါးမွေးကန်များအတွက် ငါးခုံးမကြီး သားပေါက်ကောင်ရေ ၁၀၀၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ဆက်လက်ပြီး အဆိုပါမြစိမ်းရောင် (ငါးကဏ္ဍ) ကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား တွေ့ဆုံဆွေးနွေးပြီး မြစိမ်းရောင်ရန်ပုံငွေ၏ အတိုးရငွေဖြင့် စာသင်ကျောင်း အမိုးမိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။ ထို့နောက် ကော့ကရိတ်မြို့နယ် ငါးမွေးတောင်သူများနှင့်တွေ့ဆုံကာ ပြည်ထောင်စုမှပံ့ပိုးမည့် ငါးသားပေါက်များ ဖြန့်ဖြူးမည့်အစီအစဉ်အား ချပြဆွေးနွေးပြီး သဘောထားများ ရယူခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်