ကျောက်ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကိုးဦး ထပ်မံတွေ့ရှိ

ကျောက်ပန်းတောင်း    ဇူလိုင်   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြပါရမီကိုယ်ပိုင်းကျောင်းရှိ Quarantine Center တို့တွင် Quarantine ဝင်ရောက်နေသူများအား ဇူလိုင် ၁၇ ရက်က RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး လေးဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့သူ ကိုးဦးအား အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကိုဗစ်-၁၉ ကုသရေးစင်တာတွင် အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦး၊ ပုပ္ပားတိုက်နယ်ဆေးရုံတွင် အမျိုးသား တစ်ဦး ပို့ဆောင်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။ ဇူလိုင် ၁၇ ရက်အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အမျိုးသား ၆၃ ဦး ၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၁၀၅ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုသူ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး၊ သေဆုံးသူ သုံးဦး ဆေးရုံတက်လူနာ ၁၀၀ ကျန်ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)