ကျောက်ပန်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂၆)ဦးတွေ့ရှိပြီး တစ်ဉီး သေဆုံး

ကျောက်ပန်းတောင်း  ဇူလိုင်  ၂၁

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဇူလိုင် ၁၉ ရက်နေ့မှ ဇူလိုင်(၂၀)ရက်နေ့ အထိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၂၆)ဦးရှိကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့လူနာများမှာ ကျား(၁၃)ဦး၊ (၁၃)ဦး၊ စုစုပေါင်း(၂၆)ဦးဖြစ်ပြီး အသက်(၇၂)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

ပိုးတွေ့လူနာများအနက် ကျား()ဦးကို မြို့နယ်ရဲတပ်ဖွဲ့စခန်းဓမ္မာရုံတွင် သီးသန့်ခွဲခြား၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျား()ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကုသရေးစင်တာတွင် ကျား (၁၀)ဦး၊ (၁၂)ဦး၊ ပေါင်း(၂၂)ဦး ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်  ၂၀ ရက်နေ့အထိ မြို့နယ်တွင်းပိုးတွေ့ရှိသူ ကျား(၈၃)ဦး၊ (၇၀)ဦး စုစုပေါင်း(၁၅၃)ဦးရှိပြီး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ကျား(၁၃)ဦး၊မ(၁၀)ဦး ပေါင်း(၂၃)ဦးဖြစ်ကြောင်း သိရပြီး သေဆုံးသူမှာ ကျား()ဦး ()ဦး ပေါင်း()ဦး ဖြစ်ကြောင်းသိရသည်။ ဆေးရုံတက်လူနာမှာ  ကျား(၆၆)ဦး၊ (၅၈)ဦး၊ စုစုပေါင်း(၁၂၄)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)