ကျောက်မြောင်းက ကော်ဖီကောင်းကောင်းလေးရတဲ့ Doremi ဆိုင်လေး

ကျောက်မြောင်းဘက်ရောက်တော့ ကော်ဖီကောင်းကောင်းလေးရတဲ့ Doremi ဆိုတဲ့ ဆိုင်လေးကိုသွားဖြစ်ခဲ့တယ်။

 

အဲ့ဒီဆိုင်မှာဆိုရင် အစားအစာတွေအနေနဲ့ ထိုင်း၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယား အစားအစာတွေ စုံနေအောင်ရတယ်ဆိုလို့ သူငယ်ချင်းတစ်ယောက်က သတင်းလှမ်းပေးလို့ချီတက်သွားတာ.. အစားအစာတွေ ကလဲစုံတော့ ကိုယ်နဲ့အကြိုက်မတူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆိုရင်လဲ တစ်နေရာထဲမှာတင် အကုန် အဆင်ပြေစေမှာပါ။ ဆိုင်ရဲ့ Decoration က အထဲဝင်လိုက်ရင်ကို တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ အေးအေးဆေး ဆေးလေးရှိပါတယ်။ အဲ့အပြင် သစ်သားခုံလေးတွေနဲ့ လူငယ်အကြိုက် ပုံစံလေးပြင်ဆင်ထားတာပါ။ မွေးနေ့ပွဲ လုပ်ချင်တဲ့သူတွေ၊ Surprise လုပ်ချင်တဲ့သူတွေအတွက်လဲ စီစဉ်ပေးပါတယ်တဲ့ရှင်။ ကိတ်မုန့်လဲ မှာလို့ရတော့ အဆင်သင့်ပဲပေါ့နော်၊ နောက်ပြီး ညဘက်ကျရင် Unplugged တီးဝိုင်းလေးလဲရှိတယ်။

 

မီနူးကိုကြည့်တော့လဲ အစားအစာတွေကစုံပြီး စားချင်တာတွေကလဲ များတော့ ဘာစားရမှန်းမသိတာနဲ့ ဆိုင်က အစ်ကိုတစ်ယောက်ကိုပဲ ညွှန်းခိုင်လိုက်တော့တယ်။ အဲ့တော့သူက အခုသူတို့ဆိုင်ဖွင့်တာ (၅)နှစ်ပြည့်တဲ့ အထိမ်းမှတ်နဲ့ (၅)နှစ်အတွင်းမှာ အရောင်းရဆုံး၊ လူကြိုက်အများဆုံး Item တွေကို Special Menu ခွဲထားတာရှိတယ် အဲ့ဒါတွေကကျတော့ ဝက်မြေအိုး၊ Bugogi လို့ခေါ်တဲ့ ဝက်သား Salad တွေတဲ့၊ ပြီးတော့ Dessert ပိုင်းမှာဆိုရင်လဲ ဂျပန်စတိုင် cfeper De France တွေရှိတယ်ဆိုတော့ အဲ့ဒါတွေပဲစားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးသာကာလ မှာလိုက်ပါတယ်။

 

နောက် (၁၀)မိနစ်လောက်နေတော့ မှာထားတာတွေ ရောက်လာပါတယ်။ အရင်ဆုံးရောက်လာတာက ဝက်မြေအိုး အဲ့မှာဆိုရင်သူက ဝက်သားကို (၈)နာရီလောက် ပေါင်းထားတာကိုမှ အသီးအရွက်နဲ့ ပြန်ချက် ထားတာ။ ဝက်ရဲ့အချိုအရသာကို ကင်ချီလေးနဲ့ပေါင်းစားမယ်ဆိုရင် အရမ်းလဲမအီပဲ စားလို့ကောင်းသွားတယ်။ အဲ့ဒီဟာလေးက တစ်ပွဲကို (၃၅၀ဝ ကျပ်) ပါ။ ထမင်းပါ ပါပြီးသားဆိုတော့ ဗိုက်ကားပြီပေါ့နော့…။

 

 

 

 

နောက်တစ်ခုက ဘူဂိုဂီ ဝက် Salad ပါ။ အဲ့မှာဆိုပဲပင်ပေါက်၊ မုန်လာဥနီ၊ သခွားသီး၊ Soy Sauce, Korea Sauce တွေပါတယ်။ ဝက်သားကိုအရသာထဲ့ နာရီဝက်လောက်နှပ်ပြီးမှ ပြန်ကြော်ထားတာ။ အရသာဟာဆိုရင် အချို၊ အငံအရသာလေးပါ၊ အဲ့မှာဆန်ကိုလဲ စေးစေးလေးဖြစ်အောင် ရှမ်းဆန်ကို သုံးထားပေးတယ်တဲ့။ အဲ့ဟာ ကလည်း တစ်ပွဲကို (၃၅၀ဝကျပ် )၊ ဗိုက်ကားအောင်စားရတယ်။

 

 

စားလို့ပြီးတော့ Doremi Coffee နဲ့ cfeper De France တွေမှာထားတာ ရောက်လာတယ်။ Coffee ကဆိုရင်လဲ Local Bean ကိုပဲ ကိုယ်တိုင်ပြန်ကြိတ်ပြီး ဖျော်ထားတာ၊ အခါးဘက်နဲနဲသွားတယ်။ တကယ့် ကော်ဖီစစ်စစ်ရဲ့ အရသာကိုခံစားချင်တဲ့သူတွေ၊ ကော်ဖီခါးခါးလေးကြိုက်တဲ့ သူတွေအတွက် သူကတော့ တစ်ခွက်ကို (၁၅၀ဝ ကျပ်)။

 

 

နောက်သူက ဂျပန်စတိုင် Crepes de ferance အဲ့အကြောင်းလေး နဲနဲပြောပြပေးမယ်နော်၊ ဂျပန်က ဟာရဂျုကုမြို့မှာဆိုရင် လူငယ်တွေအရမ်းကြိုက်၊ အရမ်းစားကြတဲ့ Dessert တစ်မျိုးပါ။ သူ့ရဲ့ပုံစံက Pancake ရဲ့ Base ကိုမှ အသီးနဲ့ Cream နဲ့တင်တာ။ အသီးဆိုရင်တော့ ရာသီပေါ်အသီးအစုံပေါ့နော်၊ ပန်းသီး၊ ငှက်ပျော သီး စသည်ဖြင့်ပေါ့၊ Cream ဆိုရင်လဲ White Cream တင်ပေးထားတယ်၊ အဲ့တော့ စားရတာ အဆိမ့် အရသာ နူးနူးညံ့ညံ့လေး။ တစ်ပွဲကိုမှ (၂၃၀ဝ ကျပ်) ထဲဆိုတော့ စားရတာတန်ပါတယ်။

 

 

ဒီဆိုင်လေးကဆိုရင် အစားအစာတွေကိုလဲ အချိုမှုန့်လုံးဝမသုံးပါဘူးတဲ့ရှင်။ နောက် ကင်ချီဆိုရင်လဲ ကိုယ်တိုင်လုပ်ထားတာလို့လဲ သိရတယ်၊ ဒီဆိုင်လေးကဆိုရင် ကျောက်မြောင်း၊ နိဂြောဓလမ်းထဲက Doremi ဆိုတဲ့ဆိုင်လေးပါ။ ကျောက်မြောင်း Mart ရဲ့ ဘေးကဝင်လာလိုက်ပြီဆိုရင် တည့်တည့်က ကျောက်မြောင်းလမ်းအတိုင်းလျှောက်ပြီး ပထမဆုံးတွေ့တဲ့လမ်းက နိဂြောဓလမ်း၊ အဲ့မှာမှ ဘယ်ဘက်ကိုပြန်ချိုးပြီး နဲနဲလျှောက်သွားရင် ဒီဆိုင်လေးကိုတွေ့ရမှာပါ။ တာမွေနဲ့အနီးတဝိုက်က Delivery မှာချင်တယ်ဆိုရင်လဲ ဖုန်း 01 546850, 09 43081195 တွေကို ဆက်သွယ်ပြီး မှာလို့ရတယ်နော်။ Free ပို့ပေးတာနော့။ အခြားမြို့နယ်ကဆိုရင်တော့ မြို့နယ်အလိုက် Charges ပေးသွားရမှာပါ။ ဆိုင်က မနက်(၁၁)နာရီ ကနေ ည(၁၀)နာရီအထိဖွင့်ထားတာနော့်…။

 

 

ကဲ… ဘော်ဒါအပေါင်းအသင်းနဲ့ အေးဆေးတွေ့ စားကြသောက်ကြ လုပ်ချင်တဲ့သူတွေ၊ ချစ်သူနဲ့ဒိတ်လုပ်ချင်တဲ့ သူတွေ၊ နောက်ပြီး မိသားစုတွေစုပြီး စားသောက်ချင်ကြတဲ့သူတွေ၊ မွေးနေ့ပွဲ၊ Surprise လုပ်ပေးချင် တဲ့သူတွေအတွက် ကော်ဖီကောင်းကောင်းလဲရပြီး အစားအစာ စုံစုံလင်လင်ရနိုင်တဲ့ Doremi Café ဆိုတဲ့ ဆိုင်လေးအကြောင်း မျှဝေလိုက်ပါတယ်နော့်…။ မြည်းစမ်းကြည့်လိုက်ကြပါအုံးဗျို့...

 

Honey ( MyLann)

 

#MyLann #FoodieMyanmar #Foodinyangon #Doremi_cafe #cafe #Food