ကျောက်မဲမြို့၌ လူသတ်မှုဖြစ်ပွား

ကျောက်မဲ ၂၆   သြဂုတ်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ကျွဲကုန်းကျေးရွာတွင် သြဂုတ် ၂၅ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ကျောက်မဲမြို့ ကျွဲကုန်းကျေးရွာတွင် နေထိုင်သူ ပြောင်းဖူးပွဲရုံပိုင်ရှင် ဦးစိန္တ(ခ) ဦးအိုက်မောင် (၅၅) နှစ်သည် နေအိမ်၌ရှိနေစဉ် ၎င်းပွဲရုံမှ အလုပ်သမားဖြစ်သူ မျိုးလွင်နှင့် ဘသိန်းတို့နှစ်ဦး ရောက်ရှိလာပြီး မျိုးလွင်မှ ဘသိန်းအား အော်ဟစ်ဆဲဆိုနေသောကြောင့် အိမ်ရှင်ဖြစ်သူက အော်ဟစ်ဆဲဆိုခြင်း မပြုရန်နှင့် အိမ်ဝင်းအတွင်းမှ ထွက်သွားရန် ပြောခဲ့သဖြင့် မျိုးလွင်မှ ထွက်သွားရန် ပြောဆိုသည်ကို မကျေနပ်၍ လွယ်အိတ်ထဲမှ အသင့်ပါလာသော ဓားဖြင့် ဦးစိန္တအား ထိုးခဲ့သဖြင့် ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ဖြစ်စဉ်ကြောင့် မျိုးလွင်အား ကျောက်မဲမြို့ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


(ခရိုင် ပြန်/ဆက်)