ကျောက်ကြီးမြို့တွင် ပထမအကြိမ် ဆီမီး(၅၀ဝ၀) ကပ်လှူပူဇော်ပွဲ ရှင်သီဝလိခြေတော်ရာ တောင်တော်မြတ်၌ ကျင်းပ

ကျောက်ကြီး ၁၄ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရှင်သီဝလိခြေတော်ရာ တောင်တော်မြတ် ကျားနင်းဘုရား ဦးလုံးတော်စေတီတော်၌ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ တွင် ပထမအကြိမ် ဆီမီး ( ၅၀ဝ၀) ကပ်လှူပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပထမအကြိမ် ဆီမီး ( ၅၀ဝ၀) ကပ်လှူပူဇော်ပွဲကို ရှင်သီဝလိခြေတော်ရာကျောင်း ဆရာတော် အားအမှုထားပြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)စစ်ဗျူဟာကွပ်ကဲမှုအဖွဲ့၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်စိုးမင်း ဦးဆောင်ပြီး နယ်မြေခံ တပ်ရင်းများမှ တပ်ရင်းမှူးများ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ကျားနင်းဘုရား ဦးလုံးထော်စေတီတော်၊ ရင်ပြင်တော်နှင့် ရှင်ဥပဂုတ္တရန္တာမြတ် စံကျောင်းဆောင်များတွင် ပထမဆုံးအကြိမ်အနေနှင့် စည်ကား သိုက်မြိုက်စွာ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)