ကျောက်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဉီး စစ်တောင်းမြစ်အတွင်း ပြုတ်ကျသေဆုံး

ကျောက်ကြီး   ၂၁   ဖေဖော်ဝါရီ 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စု၊ တံခွန်တိုင် (၂)ရပ်ကွက်၊ စစ်တောင်းမြစ်ကမ်းပါးအနီးတွင် ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီခွဲအချိန်ခန့်က အမျိုးသမီးတစ်ဉီး စစ်တောင်းမြစ်အတွင်းပြုတ်ကျ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ ဒုရဲအုပ် မင်းမင်းဦးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်လှစန်းမြင့်၊ အသက်(၆၀)နှစ် ဖြစ်ပြီး ကွမ်းယာသွားဝယ်ရန် ထွက်သွားရာမှ ကမ်းပါးမှ စစ်တောင်းမြစ်ထဲသို့ ပြုတ်ကျ ကာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နတ်သံကွင်းတိုက်နယ်ဆေးရုံသို့ မှုခင်းဆေးစာနှင့် ပို့ဆောင်ထားရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နတ်သံကွင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုသားကြီး( ကျောက်ကြီး)