ကျောက်ဆည်မြို့တွင် ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

ကျောက်ဆည်   ၂၁   ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့လယ်ကောင်ရုံးတွင် ဖေဖော်ဝါရီ(၂၁)ရက် နံနက်(၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ဒေသခံ ကာတွန်းဆရာများ၊ ဆောင်းစုရတီစာပေတို့ ပူးပေါင်းပြီး ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်ပွဲအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ခရိုင်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး၊ မြို့နယ်စာရေးဆရာ အသင်းဉက္ကဌ ဦးကျော်သန်း၊ စာရေးဆရာမိုသျှမ်း(မန္တလေး)နှင့် ကာတွန်ဆရာ ဖောင်းဖောင်း(ကျောက်ဆည်)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ပွဲတော်သို့ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ စာပေချစ်မြတ်နိုးသူများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုဝယ်ယူအားပေးကြပြီး ဖေဖော်ဝါရီ(၂၁)ရက်မှ ဖေဖော်ဝါရီ(၂၅)ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။


သက်မောင်(ကျောက်ဆည်)