ကျောက်ဆည်မြို့နယ်တွင် မျိုးသန့်မျိုးပွားဆောင်းနှမ်းများ အောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည်၊    ၃   ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေနှမ်းစိုက်တောင်သူများ နှမ်းစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်နှမ်းများ စိတ်ချယုံကြည်စွာ ဝယ်ယူစိုက်ပျိုးနိုင်ရေးအတွက် မကွေး (၁/၁၃) နှမ်းနက် မျိုးသန့်မျိုးပွား ဆောင်းနှမ်းများ စိုက်ပျိုးထားရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မျိုးသန့်မျိုးပွား နှမ်းနက်မျိုးများကို ရဲဘော်ကြီးကျေးရွာအုပ်စု ကွင်းအမှတ်(၂၂၇-ဂ)ကွင်းနှင့် ကလေးကျေးရွာအုပ်စုများရှိ တောင်သူ(၁၇)ဦး၊ မြေဧက(၅၀)တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှုများဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၂)နှမ်းဖြူမျိုးများနှင့် မကွေး(၁/၁၃) နှမ်းနက် မျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပြီး ယခုနှစ် ဆောင်နှမ်း လျာထားစိုက်ဧက (၅၁၃၅)ဧက   ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

သက်မောင်(ကျောက်ဆည်)