ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၉၈၀၀၀ ကျော် စိုက်ပျိုးသွားမည်

​ကျောက်ဆည် ၂၇  ဇွန်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေးကိုအဓိကထား ဆောက်ရွက်လျှက်ရှိရာ ယခုနှစ်မိုးရာသီတွင်စပါး စိုက်ဧက(၅၆၂၀၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး စဉ့်ကိုင်မြို့နယ်တွင် စိုက်ဧက(၄၁၉၇၂)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရှေးယခင်လက်ထက်ကပင် စိုက်ပျိုးရေးအတွက် နောင်ခမ်းဆည်၊ ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်၊ ဇီးတောဆည်နှင့် ထုံးကြီးဆည်များမှ တစ်ဆင့်စိုက်ပျိုးရေးများ ပေးဝေလျှက်ရှိရာ ယခုနှစ် တွင်နောင်ခမ်းဆည်ကြီးမှ ခွဲထွက်သွားသည့် ရေပေးဝေရေးမြောင်း(၆)မြောင်းမှ စပါးစိုက်ဧက(၇၇၃၁)ဧက၊ ငပြောင် ဆည်ကြီးမှ ခွဲထွက်သွားသည့် မြောင်း(၂၃)မြောင်းမှ စိုက်ဧက(၂၇၀၀၆)ဧက၊ သင်းတွဲဆည်ကြီးမှ ခွဲထွက်သွားသည့် မြောင်း(၅)မြောင်းမှ စိုက်ဧက(၇၈၉၂)ဧက၊ မင်းရဲဆည်ကြီးမှ ခွဲထွက်သွားသည့် မြောင်း(၁၁)မြောင်းမှ စိုက်ဧက (၉၆၉၂)ဧက၊ ဇီးတောဆည်၊ ဇီးတောမြောင်းမှ စိုက်ဧက(၈၈၁)ဧက၊ ထုံးကြီးဆည်၊ ထုံးကြီးမြောင်းမှ စိုက်ဧက (၃၀၀၅)ဧက စုစုပေါင်း မိုးစပါးစိုက်ဧက(၅၆၂၀၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စဉ့်ကိုင်မြို့နယ်တွင်လည်း သင်းတွဲဆည်၊ သင်းတွဲမြောင်းမှ တစ်ဆင့်ခွဲထွက်သွားသော ရှမ်းကန်မြောင်းမှ စိုက်ဧက(၃၁၀၅)ဧက၊ မင်းရဲဆည်၊ မင်းရဲမြောင်းမှ စိုက်ဧက(၆၃၅၇)ဧက၊ မင်းရဲဆည်တမုတ်မြောင်းမှ စိုက်ဧက (၈၆၄၁)ဧက၊ ဇီးတောဆည်၊ ဇီးတောမြောင်းမှ ကြီးမှခွဲထွက်သွားသည့်၊ မြောင်းဆုံမြောင်းမှ စိုက်ဧက(၁၃၅၇၀) ဧက၊ ပလိပ်မြောင်းမှ စိုက်ဧက(၁၀၂၉၉)ဧက စုစုပေါင်း မိုးစပါးစိုက်ဧက(၄၁၉၇၂)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း  ခရိုင်ဆည်မြောင်းနှင့်ရေးအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

သက်မောင်(ခရိုင်- ပြန်/ဆက်)

 

1456