ကျောက်ဆည် ၁၁  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြစ်သားမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်(၁၀)က ကျောက်ဆည်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းနှင့် သီလရှင်ကျောင်း (၂)ကျောင်းတို့အား သင်္ကြန်ကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကြိုတင် ကာကွယ်စေရေးအတွက် ဆွမ်းဆန်များနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ဘုန်တော်ကြီးကျောင်းများရှိ စာသင်သံဃာများနှင့် သီလရှင်ကျောင်းများရှိ စာသင်သားများ ကိုရိုနာ ဗိုင်းရပ်ရောဂါကူးစက်ခြင်းများ မဖြစ်ပွားရေးစေနှင့် သံဃာတော်များအတွက် ဆွမ်းထမင်းများ ခက်ခဲမှုများ မရှိစေရေးအတွက် ဆွမ်းဆန်များနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းရခြင်းဖြစ်ကြောင်း ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းဇော်၏ ပြောကြားမှုအရ သိရှိရသည်။

 

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် တစ်တင်ခွဲဆန်းပိုင်း အပိုင်း(၂၀)၊ ကြက်ဥ အလုံး(၂)ထောင်၊(၅၀)ခုပါနှာခေါင်းစည်းဘူး (၃၅)ဘူး နှင့် အရက်ပြန်လက်ဆေးရည် (၃၅)ဘူး လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)