ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ကုလားပဲစိုက်တောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရဖြင့် အဆင်ပြေ

ကျောက်ဆည် ဧပြီ ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းကုလားပဲသီးနှံ စိုက်ဧက  (၃၁၁၁၈)ဧက စိုက်ပျိုးခဲ့ကြောင်း သိရှိရပြီး ဒွေးလှကျေးရွာမှ ကုလားပဲစိုက်တောင်သူများ အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ကုလားပဲသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲများ အဓိကထား စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်စိုက်စနစ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြသည်။ ကုလားပဲ(၁)ဧက စိုက်ပျိုးပါက ထယ်ရေးပြင်ခ ကျပ် ၅၅၀၀၀၊ စိုက်ပျိုးခ ကျပ် ၁၅၀၀၀၊ မျိုးစေ့ဖိုး ကျပ် ၄၅၀၀၀၊ ရိတ်သိမ်း/ သယ်ယူ/ ခြွေလှေ့ခ ကျပ် ၃၈၇၀၀ ကုန်ကျကြောင်း တောင်သူ ကိုယဉ်မင်းထွန်းက ပြောပြသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ကုလားပဲသီးနှံများကို တိုက်နယ်()တွင် (၁၈၉၅)ဧက၊ တိုက်နယ်()တွင် (၂၀၀၃)ဧက၊ တိုက်နယ် ()တွင် (၄၁၆၈)ဧက၊ တိုက်နယ်()တွင် (၁၅၈၁)ဧက၊ တိုက်နယ်()တွင် (၂၄၃၁)ဧက၊ တိုက်နယ်()တွင် (၃၃၄၅)ဧက၊ တိုက်နယ်(၇)တွင် (၁၁၄၅)ဧက တိုက်နယ်()တွင် (၄၃၀၇)ဧက၊ တိုက်နယ်()တွင် (၁၀၇၇)ဧက၊ တိုက်နယ်(၁၀)တွင် (၂၈၈၆)ဧက၊ တိုက်နယ်(၁၁)တွင် (၂၄၆၁)ဧက၊ တိုက်နယ်(၁၂)တွင် (၃၈၁၉)ဧက စုစုပေါင်း (၃၁၁၁၈)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ကုလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း၊ (၁)ဧကထွက်နှုန်းမှာ မြေအမျိုးအစားနှင့် အပင်အပြုအစုအပေါ်မူတည်ပြီး တစ်ဧက(၁၂)တင်းမှ (၂၅)တင်းအထိ ထွက်ရှိကြောင်း၊ ရောင်းဈေးအနေဖြင့် (၁)တင်းလျှင် ငွေကျပ် ၄၃၀၀၀ မှ ၄၅၀၀၀ ရောင်းရသဖြင့် ကုလားပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း  သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)