ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်း စကားပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ကျောက်ဆည် ဇန်နဝါရီ ၃

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများ ချီးမြှင့် ပေးအပ်လျက်ရှိရာ ဇန်နဝါရီ ၃ ရက် နံနက်(၉)နာရီက အ.ထ.က-၁၊ အ.ထ.က-၂၊ အ.ထ.က-၃ နှင့် အ.ထ.က မြို့မကျောင်းများတွင် ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

           

ပြိုင်ပွဲများကျင်းပရာတွင် ကျပန်းစကားပြောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးထိုး ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိပ်စွပ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

           

ကျောက်ဆည်မြို့နယ်တွင် မူလတန်းခွဲကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၁၂၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၆)ကျောင်း၊ အလယ်တန်းခွဲကျောင်း(၈)ကျောင်း၊ လယ်တန်းကျောင်း(၂)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း ရှိကြောင်းနှင့် (၇၄)နှစ်မြောက်လွတ်တပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် အိပ်စွပ်အပြေးပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများချီမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

သက်မောင်(ကျောက်ဆည်)