ကျောက်ဆည်မြို့ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းတွင် အဆောင်သုံးဆောင် တိုးချဲ့ ဆောက်လုပ်

​ကျောက်ဆည်  ၂၇   ဇွန်

           

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ဆည်မြို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် အဆောက်အဦ သစ် (၃) လုံး တိုးချဲ့ဆောက်လုပ်ပေး လျှက်ရှိကြောင်း သိရှိရသည်။

           

ကျောင်းသား (၁၂၀) ဦး နေထိုင်ရန်အတွက် အခန်း(၆၀)ပါ၊ (RC) သုံးထပ် အဆောင်အား ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၆၀၄ ဒသမ ၈၁၄) ဖြင့် ဝေထိုက်အောင် ကုမ္ပဏီက လည်းကောင်း၊ ကျောင်းသူ ၁၂၀  နေထိုင်ရန် အခန်း (၆၀) ပါ၊ (RC) သုံးထပ်ကျောင်းဆောင်ကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၉၉ ဒသမ ၅၃၈) ဖြင့် ရွှေပေါက်ပေါက် ကုမ္ပဏီကလည်းကောင်း၊ ဝန်ထမ်းများနေထိုင်ရန်အတွက် (၄) ခန်းတွဲ (RC) လေးထပ် အဆောက်အဦကို ခွင့်ပြုငွေ ကျပ်သန်း (၁၄၇ ဒသမ ၉) သန်းဖြင့် Green Bird ကုမ္ပဏီကလည်းကောင်း အသီးသီးတာဝန်ယူကာ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာဖြင့် အပြီး ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရသည်။

           

အဆောက်အဦများ ပြီးစီးသွားပါက ဆရာ/ဆရာမ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ သင်ကြားသင်ယူမှုများတွင် များစွာအဆင်ပြေသွားမည်ဖြစ်ပြီး ထူးချွန် ကျောင်းသား/ကျောင်းသူများ ပိုမိုမွေးထုတ်ပေးသွား နိုင်မည်ဖြစ်ပြီး ပညာရေးဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာကြီး ဒေါက်တာမျိုးသူက ရှင်းလင်းပြောကြားသည်။

 

သက်မောင်(ခရိုင်၊ပြန်/ဆက်)