ကြောက် ကြောက် ကြောက်-၂ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၆ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၂၅ ဒီဇင်ဘာ 

ကြောက် ကြောက် ကြောက်(၂) ရုပ်ရှင်ဇာတ်ကား၏ အထူးရုပ်ရှင်ပြပွဲကို ဒီဇင်ဘာ ၂၄ ရက်ညက ရန်ကုန်မြို့ Junction City JCGV အဆင့်မြင့်ရုပ်ရှင်တွင် ပြသခဲ့သည်။ 

 

3713

 

0623

ဤဇာတ်ကားတွင် ဇာတ်လမ်း ငြိမ်းချမ်းကျော်၊ ဇာတ်ညွှန်း နေစိုးသော်နှင့် လွင်မင်းအံ့၊ ဒါရိုက်တာသြရသ၊ တွဲဖက်ဒါရိုက်တာ စိုးထွဋ်၊ DOP - Mano V.narayanan ၊ သရုပ်ဆောင် အကယ်ဒမီနေတိုး၊ အကယ်ဒမီထွန်းထွန်း၊ နန်းဆုဦး၊ မေမြင့်မိုရ်၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ မျိုးသန္တာထွန်း၊ ဆင်မ၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် သရုပ်ဆောင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားပြီး 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

“ဒီကားက ပေါ့ပေါ့ပါးပါး သရဲကားပါ။ နန်းဆုတို့ တစ်ညလုံး မိုးလင်းတဲ့အထိ လှော်ကားမှာ ရိုက်ခဲ့တယ်။ ရေထဲမှာ လှေစီးပြီး ရိုက်ခဲ့ရတာက အမှတ်တရတစ်ခုပါပဲ” ဟု နန်းဆုဦးက ပြောသည်။ 

“ကြောက် ကြောက် ကြောက်(၁) တုန်းက ပရိသတ်တွေ အားပေးခဲ့တယ်၊ ဇာတ်လမ်းမတူပါဘူး၊ (၁)က ကျွန်တော်ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်သလို 7th Sense ရုပ်ရှင်ရဲ့ ပထမဆုံးရုပ်ရှင်ကားလည်း ဖြစ်ခဲ့တယ်၊ အမှတ်တရအနေနဲ့ (၂)ကို ထပ်ပြီး ရိုက်ဖြစ်တာပါ၊ လှော်ကားဥယာဉ်နဲ့ နေပြည်တော်မှာ သွားရိုက်ထားတယ်။ သရဲကား ဟာသကားပါ၊ ဘတ်စ်ကားကြီးပေါ်မှာ ရိုက်ထားတာက ကြည့်ရင် မခက်ဘူးထင်ပေမယ့် Lighting တွေ ကင်မရာတွေ တော်တော်လေးလုပ်ရပါတယ်။ ကြိုးစားရိုက်ထားပါတယ်” ဟု ဒါရိုက်တာသြရသက ပြောသည်။ 

“သရဲကားကြိုက်မယ့် ပရိသတ်တွေအတွက် ညွှန်းစရာမလိုပါဘူး၊ ဒီဇင်ဘာ ၂၆ ရက်မှာ ရုံတင်မှာပါ” ဟု သရုပ်ဆောင် ထွန်းထွန်းက ပြောသည်။ 

သန့်ဇင်ဝင်း