"ကြာတော့သည်လည်းမောင့် စကား" ရုပ်ရှင်ဇာတ်ကား ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန် ၃၀ ဇန်နဝါရီ 

 

ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ မီးပွား ရိုက်ကူးသည့် "ကြာတော့သည်လည်းမောင့် စကား" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီခွဲက ရန်ကုန်မြို့၊ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

1015.

 

အဆိုပါရုပ်ရှင်ဇာတ်ကားတွင် စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း(Examplez)၊ ဖွေးဖွေး၊ နေဆန်း၊ လင်းခ၊ မှူးပြည့်သျှင်၊ စိန်ပဲကျော် အဖွဲ့နှင့် အခြားသော အနုပညာရှင်များစွာ ပါဝင်ထားပြီး အပြန်အလှန် စကားလုံးများနှင့် ခံစားချက်များကို အဓိကဖော်ကျူးထားသည့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းရုပ်ရှင် ဇာတ်ကားကြီးဖြစ်သည်။

 

စာနယ်ဇင်းအကြို မိတ်ဆက်ပွဲတွင် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ထားသည့် သရုပ်ဆောင်များက မိမိတို့ပါဝင် သရုပ်ဆောင်ခဲ့ရမှုအပေါ် ကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာ သမားများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားကာ တက်ရောက်လာကြသည့် ပရိတ်သတ်များနှင့်အတူ အဆိုပါရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုကြသည်။

 

မိတ်ဆက်ပွဲသို့ တက်ရောက်လာသည့် စိုင်းစိုင်းခမ်းလှိုင်၏ ပရိတ်သတ်ဖြစ်သူ စမ်းချောင်းမြို့နယ်မှ မမေသဇင်က ``ဝတ္ထုလည်းဖတ်ပြီးပြီ။  တော်တော်ကောင်းပါတယ်။ အခုပါဝင်တဲ့ အဓိက သရုပ်ဆောင် သုံးယောက်လုံးကို ကြိုက်တယ်။ ရုပ်ရှင်နဲ့ ဝတ္ထုကတော့ ရသတစ်မျိုးစီတော့ ရှိပါတယ်။ အရင်တုန်းကလည်း ဒီဇာတ်ကားလေးက ရိုက်ခဲ့ဖူးတာဆိုပေမယ့် အခုပြန်ကြည့်ရင်လည်း ရသတစ်မျိုးလေးတော့ ပြန်ပေးမယ်လို့ထင်ပါတယ်´´ ဟု ပြောသည်။

 

ဇော်ကြီး