ကာတာနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန်  ၁၇ ဒီဇင်ဘာ

 

ကာတာနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနားကို  ယနေ့ ည ၇နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ကာတာနိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Mansoor Mubarak Al-Khayarin တို့က ကာတာနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်ကိတ်ကိုလှီးဖြတ်ကြပြီး၊ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ၊ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။ 

 

(သတင်းစဉ်)