ကြာရိုးနှင့် ဝက်သားပေါင်း

ဒီဟင်းချက်နည်းအတွက် ပေါင်းအိုး မလိုပါဘူး။  အိုးတစ်လုံးပဲ လိုပါတယ်။ အိုးထဲမှာ ရေထည့်ပြီး ရေထဲမှာ ဟင်းခွက်တစ်လုံးကို ထားကာ အလွယ်တကူ ပေါင်းနိုင်ပါတယ်။ ဒါပေမဲ့ ရေအိုးထဲမှာ  ဟင်းခွက် တအား လှုပ်နေတာမျိုး မဖြစ်ရအောင် အိုးရဲ့ အောက်ခြေမှာ စက္ကူတာဝါအထူ ခံထားသင့်ပါတယ်။

 

ပါဝင်ပစ္စည်းများ

 

ကြာရိုး ၂ချောင်း  (၄၀ဝဂရမ်)

 

(ကြိတ်ထားသည့်) ဝက်သား ၂၀ဝ ဂရမ်

 

ကြက်သွန်မြိတ်    တစ်ပင်၏ ၃ပုံ၁ပုံ

 

ရှီတာကီမှို အစို ၂ ပွင့်

 

ရောစပ်ရန် (က)

 

ကြက်ဥ ( အသေး)  ၁ လုံး

 

အာလူးမှုန့်   စားပွဲဇွန်း ၁ ဇွန်း

 

ပဲငံပြာရည်   စားပွဲဇွန်း  ၂ ဇွန်း

 

Mirin ဆန်အရက် စားပွဲဇွန်း  ၂ ဇွန်း

 

ဆား  စားပွဲဇွန်း တစ်ဇွန်း၏  ၃ ပုံ ၁ ပုံ

 

 

ရောစပ်ရန် (ခ)

 

Dashi ၁၀ဝ မီလီလီတာ

 

ပဲငံပြာရည် စားပွဲဇွန်း  ၁ဇွန်း

 

ဆာကေး စားပွဲဇွန်း  ၁ ဇွန်း

 

Mirin ဆန်အရက် စားပွဲဇွန်း ၁ဇွန်း

 

ဆား အနည်းငယ်

 

အာလူးမှုန့် အရည်ဖျော်ရန်

 

အာလူးမှုန့် စားပွဲဇွန်း  ၁ ဇွန်း

 

ရေ  စားပွဲဇွန်း ၂ ဇွန်း

 

ပြုလုပ်ပုံ

 

၁။ ကြာရိုးတွေကို အခွံနွှာပြီး သေးသည့်အပိုင်းကို ပါးပါးလှီးပါ။ ထို့နောက် ရေထဲမှာ ၂-၃ မိနစ်ခန့် စိမ်ထားပြီး  ရေစစ်ထားပါ။

 

၂။ကျန်သည့်အပိုင်းကို ခြစ်နှင့် ခြစ်ပါ။ ထို့နောက် ဇကာထဲထည့်ပြီး ရေစစ်ထားပါ။

 

၃။ကြက်သွန်မြိတ်ကို အပေါ်ပိုင်းမှ  ၃ စင်တီမီတာအရှည်ဖြတ်ယူပြီး အချောင်းသေးသေးလေး လှီးပါ။ ကျန်သည့် အပိုင်းကို နုပ်နုပ်စဉ်းပါ။ ရှီတာကီမှို၏ ရိုးတံကို ဖယ်ရှား ပြီး အပွင့်ပိုင်းကို နုပ်နုပ်စဉ်းပါ။

 

၄။ ဇလုံတစ်ခုထဲမှာ  ကြိတ်ထားသည့် ဝက်သားကိုထည့်ပြီး  ရောစပ်ရန် အမယ်(က) ကိုထည့်ပါ။ ထို့နောက် ခြစ်ထားသည့် ကြာရိုး၊ နုပ်နုပ်စဉ်းထားသည့် ကြက်သွန်မြိတ် နှင့် ရှီတာကီမှိုတို့ကို ထည့်ပြီး သမအောင် နယ်ပါ။

 

၅။အပူခံဇလုံတစ်ခုထဲမှာ နယ်ထားသည့် အသားလုံးများကိုထည့်ပြီး  ဇလုံးအောက်ခြေမှာ ဖြန့်ထည့်ပါ။ ထို့နောက် ကြာရိုးအဝိုင်းတွေကို အပေါ်က စီထည့်ပါ။

 

၆။စောက်နက်သည့် အိုးတစ်လုံးထဲတွင် ရေ အိုးတစ်ဝက်ခန့် ထည့်ပါ။ ထို့နောက်  အသားထည့်ထားသည့် ဇလုံကို ထည့်ပါ။ အိုးအဖုံးပိတ်ပြီး မီးအပူချိန်ကို အသင့်အတင့်အနေအထားတွင် ထားပါ။ ရေအိုးဆူစ ပြုလာ သည့်အခါ  မီးအပူချိန်ကို လျှော့ချပြီး မိနစ်၃၀ခန့် ပေါင်းပါ။ (သို့မဟုတ်) အသားကျက်သည်အထိ တည်ထားပါ။ အသားကျက်မကျက်သိရှိနိုင်ရန် ဝါးသီတံ (သို့) သွားကြားထိုးတံဖြင့် ထိုးကြည့်ပါ။ ဝါးတွင် ကပ်လာသည့် အသား မှ ထွက်သည့်အရည်  အရောင်ကြည်ပြီဆိုပါက အသားကျက်ပါပြီ။

 

၇။ အိုးအသေးတစ်လုံးထဲမှာ ရောစပ်ရန်အမယ်(ခ)ကို ထည့်ပြီး ဆူပွက်လာအောင်တည်ပါ။ ထို့နောက် အာလူးမှုန့်ကို ဖျော်ထားသည့်အရည်ကို ထည့်ပါ။ အရည်ပျစ်လာပါက အသားပေါင်းထည့်ထားသည့် ဇလုံထဲ ထည့်ပြီး  ကြက်သွန်မြိတ် အချောင်းလေးများကို အပေါ်က တင်ပါ။

 

ကိုးကား- NHK