ကားငှါးသူ မိတ်ဆွေက ကားလိမ်လည်သွားသည့် ဖြစ်စဉ်တစ်ခု မန္တလေးမြို့တွင်ဖြစ်ပွား 

မန္တလေး- ၁၉ သြဂုတ်


နေပြည်တော် မှ မန္တလေးသို့ ကားငှါးသူက ကားကိုလိမ်လည်သွားသည့် ဖြစ်စဉ်တစ်ခု မန္တလေးမြို့တွင် အခုလ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ 


အခု ၁၀ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာ ရပ်ကွက်တွင်နေထိုင်သူ ကိုကျော်ဦးထံသို့ ခင်မင်ရင်းနှီးရသူ ကိုသန့်ဇင်ကိုက မန္တလေးသို့ ငွေကျပ် ၅၀ဝ၀ဝ ဖြင့် ကားငှါးလိုက်ခဲ့ကြောင်း သိရသည်။ 


ကိုကျော်ဦး၊ ကိုသန့်ဇင်ကိုနှင့်ပါလာသည့် အမျိုးသမီး ၃ ဦးတို့သည် မာကျူရီတည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း သိရသည်။ သြဂုတ် ၁၃ ရက်တွင် ကိုကျော်ဦးသည် အဆိုပါဟိုတယ်တွင် ရေချိုးနေစဉ် ကိုသန့်ဇင်ကိုက အပြင်ခဏသွားရန် ကားငှါးသဖြင့် ကားကိုငှါးခဲ့ကြောင်း သိရသည်။ 


ကိုသန့်ဇင်ကိုသည် ကားငှါးပြီး ပြန်မလာသဖြင့် ကိုကျော်ဦးက ဖုန်းဆက်ရာ စစ်ကိုင်းမှာ ရောက်နေကြောင်း၊ သြဂုတ်လ ၁၄ ရက်တွင် ဆိုင်ကယ်ဖြင့် ပြန်ရောက်လာကြောင်း ၊ ကားဘယ်မှာလဲဟု မေးရာ အပြင်မှာရှိကြောင်းပြောပြီး ဆိုင်ကယ်ဖြင့်ပြန်ထွက်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။


ကားအတွင်းတွင် ငွေကျပ် ၂ သိန်း ၊ ယာဉ်မောင်းလိုင်စင် ၊ ATM ကတ်များ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၂၀ဝ တန်ဖိုးရှိကြောင်း သိရသည်။ 


ကားယူကိုယူသွားသည့်နေမှစပြီး ယနေ့အထိ ပြန်အပ်ခြင်းမရှိသဖြင့် ကိုသန့်ဇင်ကို အား (ပ)၆၂၅/ ၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ချမ်းအေးသာစံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ 


အိမို့မို့ခိုင်