ကာဂျစ္စတန်  နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပြန်ဖွင့်ပြီ

ဘစ်ရှ်ခက်ခ်၊ ၆ ဒီဇင်ဘာ

 

ကာဂျစ္စတန် နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို စနေနေ့က ပြန်ဖွင့်ပေးလိုက်ပြီး နိုင်ငံတကာမှ ခရီးသည်တွေအား နိုင်ငံတကာလေယာဉ်ကွင်း သုံးခုကနေ လက်ခံသွားမယ်လို့ ဆိုပါတယ်။

 

ကပ်ရောဂါပိုး ကူးစက်မှုကြောင့် နွေဦးက စပြီး ပိတ်ထားခဲ့တဲ့ နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေအား ပြန်လည်ပေးမယ်လို့ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

 

ဆိုဗီယက်ယူနီယံဟောင်း ကာဂျီစတန် နိုင်ငံက နိုင်ငံဝင်ခွင့်အတွက် PCR နည်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးထားတဲ့ ရောဂါပိုးကင်းစင်ကြောင်း ထောက်ခံစာဟာ လေယာဉ်ပေါ်မတက်ခင် သို့မဟုတ် ၇၂ နာရီအတွင်း စစ်ဆေးထားကြောင်း ထောက်ခံစာပါရှိရန် လိုအပ်ပါတယ်။ တကယ်လို့ စစ်ဆေးထားကြောင်း ထောက်ခံစာမပါရှိခဲ့ရင် လေဆိပ်မှာ ဆေးစစ်ခံရမှာဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၄၀၁ ဦးရှိကြောင်း စနေ့နေ့က ထုတ်ပြန်လိုက် ရာ ရောဂါပိုးရှိသူ စုစုပေါင်း ၇၄,၇၇၄ ဦး နဲ့ သေဆုံးသူ စုစုပေါင်း ၁,၂၉၀ ဦး ရှိကြောင်း သိရပါတယ်။

 

လာမယ့်နှစ်မှာ ကျင်းပဖို့ရှိတဲ့ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေအတွက် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူတွေအား ဝင်ခွင့်ရရှိရေးအတွက်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောကြားပါတယ်။

 

ဇန်နဝါရီ ၁၀ ရက်နေ့တွင်  သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရှိပေမယ့် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP