ကာစီနိုအပန်းဖြေစခန်းများနှင့် ပတ်သက်သည့် အခြေခံမူဝါဒများကို ဆုံးဖြတ်ရန် ဂျပန်အစိုးရ ရွှေ့ဆိုင်း

၂၁ ဇန်နဝါရီ

 

လာဘ်ပေးလာဘ်ယူကိစ္စရပ်များ သတင်းထွက်ပေါ်လာပြီးနောက်တွင် ကာစီနိုပါဝင်သော ဘက်ပေါင်းစုံ အပန်းဖြေစခန်းများ ဖွံ့ဖြိုးရေး အခြေခံမူဝါဒများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန် ဂျပန်အစိုးရအနေနှင့် ရွှေ့ဆိုင်းထားကြောင်း သိရသည်။

 

အပန်းဖြေစခန်းများ တည်ဆောက်မည့် မြေနေရာများရွေးချယ်ရာတွင် ရှိရမည့် စံသတ်မှတ်ချက်များ ပါဝင်သော အခြေခံမူဝါဒတစ်ခုကို ဂျပန်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မူကြမ်းရေးဆွဲခဲ့ပြီး ယခုနှစ်ဇန်နဝါရီလကုန်တွင် အဆိုပါမူကြမ်း ကို တရားဝင်အတည်ပြုသွားရန် စီစဉ်ထားသည်။

 

သို့သော်လည်း အတိုက်အခံပါတီများက အဆိုပါမူကြမ်းကို ယမန်နေ့က လွှတ်တော်သို့ တင်ပြခဲ့ပြီး ဘက်ပေါင်းစုံအပန်းဖြေစခန်းများနှင့် ပတ်သက်သည့် ဉပဒေကို ရုပ်သိမ်းနိုင်ရန် ဉပဒေပြဋ္ဌာန်းသူများ ပါဝင်သည်ဟု ယူဆသည့် လာဘ်ပေးလာဘ်ယူစွပ်စွဲချက်ကို ဆက်လက်လုပ်ဆောင်သွားရန် ပြောဆိုခဲ့သည်။

 

ထို့ကြောင့် ကာစီနိုင်ဒိုင်များနှင့် အဆိုပါလုပ်ငန်းလျှောက်လွှာများကို စစ်ဆေးသည့် အစိုးရ အဖွဲ့ဝင်များကြား စည်းမျဉ်းစည်းကမ်းများ ဆောင်ရွက်ရာတွင် အစိုးရအနေနှင့် ချိတ်ဆက်ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်ရာတွင် ဂရုတစိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အစိုးရအနေနှင့် အဆိုပါမူကြမ်းကို အတည်ပြုပြီးပါက ၂၀၂၁ ဇန်နဝါရီတွင် အပန်းဖြေစခန်းများကို စတင်နိုင်ရန် စည်ပင်သာယာရေးအဖွဲ့များက လုပ်ငန်းလျှောက်လွှာများကို စတင်လက်ခံမည်ဖြစ်သော်လည်း အခြေခံမူဝါဒဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်သည့်အတွက် အဆိုပါ အချိန်သတ်မှတ်ချက်မှာ အသုံးဝင်တော့မည်မဟုတ်ကြောင်း အစိုးရ သတင်းရင်းမြစ် တစ်ခုက ပြောခဲ့သည်။

 

ဘာသာပြန်-စုရည်

ကိုးကား-အန်အိတ်ချ်ကေ