ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ သန့်စင်လောင်စာအရည်အဖြစ် ပြောင်းလဲနိုင်

ပေကျင်း ၁၇ မေ

 

ဖန်လုံအိမ် ဓာတ်ငွေ့ဖြစ်ပေါ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ Methanol ကဲ့သို့ သန့်စင်လောင်စာအရည်အဖြစ် ပြောင်းလဲတဲ့ နည်းပညာကို တရုတ်သုတေသန ပညာရှင်တွေက ရှာဖွေနိုင်ခဲ့ပါတယ်။

 

အဆိုပါ နည်းပညာဟာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဖန်လုံအိမ်အာနိသင်ကို လျှော့ချနိုင်မှာဖြစ်သလို သန့်စင်စွမ်းအင်အသစ် အသုံးပြုနိုင်ဖို့လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

 

တရုတ်သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်က ပါမောက္ခ Zeng Jie ဦးဆောင်တဲ့အဖွဲ့ဟာ  ဓာတုစက်ရုံတွေမှာ အခြေခံအသုံးပြုတဲ့ ကုန်ကြမ်းကဲ့သို့ ဓာတ်ပြောင်း ကုန်ကြမ်းတစ်ခုကို ပလက်တီနမ်နဲ့ ရောစပ်တီထွင်ခဲ့ပြီး အဆိုပါ ကုန်ကြမ်းဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို Methanol အဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။

 

တွေ့ရှိချက်အသစ်ကို နာနိုနည်းပညာရပ်ဆိုင်ရာ သိပ္ပံဂျာနယ်မှာ ဖြန့်ဝေထားပါတယ်။

 

MDN 

ကိုးကား - Xinhua