ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အထူးကုသမားတော်ကြီးများ အခမဲ့လာရောက်ကုသပေးမည်

ကြာအင်းဆိပ်ကြီး  ၃  မေ 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အထူးကုသမားတော်ကြီးများမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း နေထိုင်ကြသော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို ရှေးရှုသောအားဖြင့် မေလ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်မှစတင်ပြီး အမှတ်(၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့လာရောက်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

 

သမားတော်ကြီးများမှာ အထွေထွေရောဂါအထူးကု သားဖွားမီးယပ်ရောဂါ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ မျက်စိအထူးကု ကလေးအထူးကုခွဲစိတ် အထူးကုနှင့် ဓာတ်မှန် အာထရာဆောင်းရိုက်ကူးခြင်းများ ပါဝင်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် လာရောက်ကုသစမ်းသနိုင်ပါကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်