ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၁၅၃၀ ကျောင်းအပ်နှံပြီးဖြစ်

ကြာအင်းဆိပ်ကြီး မေ ၂၆

 

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အခြေခံပညာကျောင်းအားလုံးတွင် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး ဇွန် ၁ ရက်မှစတင်ကာ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မေ ၂၅ ရက်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ ၁၁၅၃၀ ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နှင့် ဘုရားသုံးဆူမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် အခြေခံပညာအထက်တန်းကျောင်း ၂၃ ကျောင်း၊ အလယ်တန်းကျောင်း ၃၅ ကျောင်း၊ မူလတန်းကျောင်း ၆၄ ကျောင်း၊ စုစုပေါင်း ၁၂၂ ကျောင်းဖွင့်လှစ်ထားပြီး သင်ကြားရေး ဆရာ ဆရာမအဖြစ် အထက်တန်းတွင် ၁၀၀၊ အလယ်တန်းတွင် ၃၃၇ ဦး၊ မူလတန်းတွင် ၆၉၉ ဦးရှိပြီး မေ ၂၅ ရက်အထိ ကျောင်းသား ကျောင်းသူ အထက်တန်းတွင် ၆၄၁ ဦး၊ အလယ်တန်းတွင် ၁၈၈၇ ဦး၊ မူလတန်းတွင် ၉၀၀၂ ဦး စုစုပေါင်း ၁၁၅၃၀ ကျောင်းအပ်နှံပြီးဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)